ကြို့ပင်ကောက်မှာ ပစ်ခတ်ခံရပြီး PDF ၃ ဦးကျဆုံး

0 128
0 128

ကြို့ပင်ကောက်၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရှမ်းလမ်းကွင်းကျေးရွာ ရန်ကုန်-ပြည်လမ်းအနီး ပစ်ခတ်မှုဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာလှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်မနက် ၃ နာရီခန့်မှာ စစ်ကော်မရှင်ကင်းအဖွဲ့နဲ့ ဒေသကာကွယ်ရေးလှုပ်ရှားအဖွဲ့တို့ ၁၅ မိနစ်ကြာပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ရဲဘော်တွေက အရှင်ဖမ်းမိပြီး ပစ်သတ်ခံရတယ်။ ခုလောလောဆယ်မှာ ကားလမ်းဘေးမှာပဲ အလောင်းတွေကို ဒီအတိုင်းချထားတယ်။ ဘယ်သူမှမကောက်ရသေးဘူး။ သတင်းပေါက်ကြားမှုပေါ့။” လို့ ဖြစ်စဥ်ကိုသိထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးရှိတယ်လို့သိရပြီး စစ်ကော်မရှင်တပ်တွေဘက်က အခြေအနေကိုတော့ လတ်တလောအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောာ်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာလည်း စစ်ကော်မရှင်အဖွဲ့ဝင်တွေ ကင်းပုန်းဝပ်နေချိန် PDF အဖွဲ့ဝင်တွေကိုတွေ့ပြီး ပစ်ခတ်ရာမှာ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဓါတ်ပုံနဲ့တကွ ရေးသားဖော်ပြထားပြီး ပုံတွေကလည်းမှန်ကန်ကြောင်း အထက်ပါတပ်ဖွဲ့ဝင်က အတည်ပြုပါတယ်။

ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး ကျဆုံးတပ်ဖွဲ့ဝင်တွေက ဘယ်အဖွဲ့ကလဲဆိုတာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်ကတော့ ထုတ်ပြန်ကြေညာလာတာ မတွေ့ရသေးပါဘူး။

နိုဝင်ဘာ ၂၃ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ကြည်စုရွာအနီးရှိ စစ်ကော်မရှင် သဲကုန်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။