ကောလင်းအနောက်ခြမ်းက စစ်ရှောင်အိမ်ထောင်စု ၁၂၀ ကို အခြေခံစားသောက်ကုန်များလှူဒါန်း

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းက စစ်ရှောင်အိမ်ထောင်စု ၁၂၀ ကို ဖေဖော်ဝါရီ ၇ ရက်မှာ အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့တယ်လို့ ကောလင်း ပြည်သူမှပြည်သူသို့ ဆီက သိရပါတယ်။

“ကောလင်းအနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်အိမ်ထောင်စု ၁၂၀ စုကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့တာ။ ဆန် ၂ ပြည်၊ မြေပဲ ၂ ဗူး၊ အာလူး ၂၅ ကျပ်သားပါတယ်။ ကာလပေါက်ဈေး ၃ မျိုးပေါင်းကို ၁ အိမ်ထောင်ကို ၁ သောင်းကျပ်နှုန်းကျတယ်။” လို့ ကောလင်း ပြည်သူမှပြည်သူသို့ တာဝန်ခံ ကိုသဲကြီးကပြောပါတယ်။

စစ်ရှောင်ကာလကြာမြင့်လာပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ အလုပ်အကိုင်ရှားပါးလာတာတွေကြောင့် စစ်ရှောင်တွေအတွက် အတော်လေးခက်ခဲနေပါတယ်။ ကူညီပေးနေတဲ့အဖွဲ့တွေမှာလည်း ရန်ပုံငွေအားလျော့နည်းလာပြီး ထိရောက်တဲ့အကူအညီတွေ မပေးနိုင်တာကြောင့် အလှူရှင်တွေအနေနဲ့ ပြည်သူချင်းထောက်ပံ့ကူညီတဲ့စနစ်ကို အကောင်အထည်ဖော်ကြဖို့ နှိုးဆော်တယ်လို့ သူက ဆက်ပြောပါတယ်။

ကောလင်းမြို့ပေါ်ကပြည်သူတွေဟာ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မြို့ကိုစွန့်ခွါခဲ့ကြရပြီး စစ်ရှောင်ကာလ ၁ နှစ်ကျော်ပြီဖြစ်ကာ စစ်ရှောင်ဦးရေ ၂ သောင်းကျော်ရှိတာကြောင့် ရရှိတဲ့ရန်ပုံငွေ လောက်ငှနိုင်မယ့်နေရာတွေနဲ့ ပိုမိုခက်ခဲတဲ့နေရာတွေကို ဦးစားပေးကူညီနေရတယ်လို့ ဆိုပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။