မင်းလှက အုပ်ချုပ်ရေးမှူး အသတ်ခံရ

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ခွက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့လယ် ၂ နာရီဝန်းကျင်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ဆီက သိရပါတယ်။

ပစ်ခတ်ခံရပြီးသေဆုံးသူဟာ မင်းလှမြို့နယ်၊ ဇရစ်မျှောင်ကျေးရွာနေ အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွေးဖြစ်ပြီး သူရဲ့နေအိမ်မှာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပြည်သူတွေကလည်း တိုင်ကြတယ်။ သူက ဖုန်းဆက်သတိပေးတာလည်း မရဘူး။ အဲ့ဒါ‌ကြောင့် သူ့အိမ်ထဲမှာထိုင်နေတုန်း ကျနော်တို့ရဲဘော်တွေက ရင်ဘတ် ၁ ချက် ခေါင်း ၁ ချက် ပစ်ခတ်ပြီး ရှင်းလင်းခဲ့တာ။”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဦသိန်းထွေးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး ပြည်သူတွေဆီက စစ်မှုထမ်းကြေးကောက်တာ၊ သစ်ခုတ်သမားတွေဆီက ခြိမ်းခြောက်ငွေတောင်းတာတွေ လုပ်နေတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ပြီးနောက် ဦးသန်းထွေးဆီကနေ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခုနဲ့ ထောက်ခံစာစာရွက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရွှေဘိုစုကျေးရွာမှာနေတဲ့ မကျီးကွင်းအုပ်စုအုပ်ချုပ်ရေးမှူး သိန်းဝင်းနဲ့ ဇနီးဖြစ်သူတို့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။