MSPDF မှ ကျဆုံးရဲဘော်အတွက် ၁ နှစ်ပြည့်အခမ်းအနားပြုလုပ်

0 2
0 2

စစ်ကိုင်း၊ မေ ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄) – MSPDF တပ်ဖွဲ့မှ ကျဆုံးသွားတဲ့ ရဲဘော်အတွက် ၁ နှစ်ပြည့်အခမ်းအနားကို မေလ ၂၉ ရက် မနေ့ကမနက် ၈ နာရီလောက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ရဲဘော် ရဲလင်းအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်က တမဆေးကန် မီးတောက်တိုက်ပွဲမှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားခဲ့တာပါ။

ဒီအခမ်းအနားမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ဂုဏ်ပြုပေးခဲ့သလို ရဲဘော်ရဲ့မိသားစုဝင်ကိုလည်း အဖွဲ့ရဲ့အလံကို အပ်နှင်းခဲ့တယ်လို့ MSPDF တပ်ဖွဲ့ဝင်အမျိုးသမီးက ပြောပါတယ်။

“ညီမတို့အဖွဲ့ထဲမှာ ကျဆုံးတဲ့ရဲဘော်က ရဲလင်းတယောက်ပဲရှိတာရှင့်၊ သူက စိတ်ထားကောင်းတယ်၊ အနေအေးတယ်။ သဘောကောင်းတယ်။ တနှစ်ပြည့်သွားပေမဲ့လည်း မနေ့တနေ့ကလိုပါပဲ။ ရဲဘော် ရဲလင်း အမေကတော့ အောင်ပွဲကျသူ့သားအတွက် ပိုပြီး ဒေါက်ဖိနပ်စီးပြီး ကနေဦးမယ်ဆိုပြီး ငိုပြီးပြောတယ်” လို့ ဆိုပါတယ်။

ကျန်ခဲ့တဲ့ မိသားစုဝင်တွေကိုလည်း မိမိတို့တပ်ဖွဲ့အနေနဲ့ရော MOD အနေနဲ့ရော ထောက်ပံ့ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်ကလည်း MSPDF ပူးပေါင်းတပ်ဖွဲ့ဟာ ကျောက်ရစ်စခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၄၀ မမ နှစ်လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ရေးသားထားပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။