ရေစကြို၊ ရေလယ်ကျွန်းမှာ စစ်တပ်ကမီးရှို့နေလို့ သီးနှံတွေကို ရတဲ့စျေးနဲ့ရောင်းချနေရ

0 1
0 1

မကွေး၊ မေ ၂၉၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြိုနယ်၊ ရေလယ်ကျွန်းဒေသက တောင်သူတွေအနေနဲ့ သီးနှံတွေစျေးကောင်းရဖို့ မစောင့်နိုင်ဘဲ မေလ ၂၆ ရက်နေ့က အလျင်စလို ရောင်းချနေကြတယ်လို့တောင်သူတဦးထံက သိရပါတယ်။

ရေလယ်ကျွန်းဒေသမှာ ဖေဖော်ဝါရီလက စတင်စိုက်ပျိုးထားတဲ့ သီးနှံတွေဟာ မေလမှာစတင်ခူးဆွတ်ရောင်းချချိန်ဖြစ်ပြီး ယခုရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီး မီးရှို့တာတွေလုပ်နေလို့ ရောင်းချနေရတာ ဖြစ်တယ်လို့ သာဂေါင်ကျေးရွာမှတောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ခုချိန်က ပဲတီစိမ်းတို့ နှမ်းတို့ပေါ်တဲ့အချိန်ပါ။ ပဲတီစိမ်းဆိုရင် ၃ ခါကောက်ကြတယ်။ အခုက ၁ ခါပဲကောက်ပြီး အိမ်မှာမထားရဲလို့ရတဲ့စျေးနဲ့ ရောင်းနေရတာပါ။ နောက်ထပ် ၂ ခါကောက်ဖို့ ကျန်သေးတယ်။ နှမ်းလည်းရိတ်သိမ်းလို့ မပြီးသေးပါဘူး။ စစ်တပ်ကမီးရှို့ဖျက်ဆီးမှာစိုးတော့ သိမ်းလို့ပြီးတာကို အရင်ရောင်းနေတာလို့” တောင်သူတဦးက ပြောပါတယ်။

မေလဆန်း ပဲတီစိမ်းစပေါ်ချိန် ပိဿချိန် ၂၀ ကို ၆၅၀၀၀ ကျပ်စျေးရခဲ့ပေမယ့်၊ လက်ရှိ မေလနှောင်းပိုင်း ရိတ်သိမ်းရောင်းချချိန်မှာတော့ ၅၅၀၀၀ ကျပ်စျေးပဲရတယ်လို့ ဆက်ပြောပါတယ်။

အလားတူ နှမ်းဖြူစပေါ်ချိန်မှာ တတင်း ၁၃၀၀၀၀ ကျပ်စျေးရှိပြီး၊ လက်ရှိ ရောင်းချချိန်မျာတော့ ၁၀၈၀၀၀.ကျပ်နဲ့ရောင်းနေရတယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းဒေသမှာရှိတဲ့ ဖရုံဖူး၊ ကျောက်ဖူး၊ သာဂေါင်၊ မီးလောင်ကျွန်း၊ မိဘုရားရွာတွေမှာ မြေပဲ၊ ငရုတ်၊ နှမ်း၊ ပဲတီစိမ်း၊ ကြက်သွန် စတဲ့သီးနှံတွေစိုက်ပျိုးပြီး၊ သီးနှံပေါ်တဲ့အချိန်တောင်သူတွေက ရေစကြိုမြို့မှာရောင်းချတာများသလို မုံရွာမြို့မှာအနည်းငယ် ရောင်းချတာမျိုးလည်းရှိတယ်လို့ ပြောပါတယ်။

မေလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကြောင်းထိုးလာပြီး၊ မိဖုရားရွာကနေအိမ် ၄ လုံးနဲ့ ပဲမှော်စင်တခုကို မီးရှို့ဖျက်စီးခဲ့သလို ငတမျှော်ရွာ၊ ရေယှားရွာ၊ လှေခုတ်ရွာတွေလည်း မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းဒေသမှာ ကျေးရွာပေါင်း ၅၀ ကျော်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးတာနဲ့ ရွာနေအိမ်တွေကို မီးရှို့တာတွေ ဆက်တိုက်လုပ်နေကြတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။