27 July 2026 5:15 AM

ကားတိုက်မှုဖြစ်လို့ ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးသေဆုံးပြီး ယာဉ်မောင်းထွက်ပြေးနေ

0 1
0 1

ပဲခူး။ မေ ၁၁၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းမှာ အိမ်စီးကားနဲ့ ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်နဲ့လာတဲ့ သက်ကြီးပိုင်း အမျိုးသားနဲ့ အမျိုးသမီးတို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၁၀ ရက်နေ့ မနက် ၁၀ နာရီကျော်ခန့်မှာ ရန်ကုန်ဘက်ကမောင်းလာတဲ့ ဆိုင်ကယ်နဲ့ ပြည်ဘက်ကနေမောင်းလာတဲ့ အိမ်စီးကားတို့ဟာ တံတားကြီးကွင်းကျေးရွာအနီး တိုက်မှုဖြစ်ပွားပြီး ကားကတော့မောင်းပြေးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အိမ်စီးကားက မျက်နှာချင်းဆိုင်လာပြီး တိုက်ပြေးသွားတာ။ တိုက်ပြေးတဲ့ကားကိုတော့ သဲဖြူကျေးရွာအလွန်နားမှာ ကားကိုတွေ့ရပြီး ယာဥ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ဆိုင်ကယ်မောင်း အမျိုးသားက နေရာမှာဆုံးတယ်။ အမျိုးသမီးကတော့ ဆေးရုံမှာဆုံးတယ်။ ဆုံးသွားတဲ့ နှစ်ယောက်စလုံးက သက်ကြီးပိုင်းတွေပါ” လို့ ပြောပါတယ်။

မောင်းနှင်ထွက်ပြေးသွားတဲ့ ကားကတော့ အခင်းဖြစ်ပွားရာနေရာကနေ တရွာကျော်ဝေးတဲ့ သဲဖြူကျေးရွာအရောက်မှာ ရပ်တန့်ထားပြီး ယာဉ်မောင်းဖြစ်သူက ထွက်ပြေးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

သေဆုံးသူ ၂ ဦးစလုံးဟာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိသူတွေဖြစ်ပြီး မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု၊ ဖားကလေးကွင်းကျေးရွာ အနီးအနားရွာမှာ နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူ ၂ ဦးစလုံးရဲ့ အလောင်းတွေကိုတော့ သာယာဝတီဆေးရုံကြီးမှာ ထားခဲ့ပြီး မိသားစုက လာရောက်သယ်ယူတာရှိမရှိကိုတော့ မသိရဘူးလို့ ပို့ဆောင်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။