26 July 2026 11:37 PM

စျေးကပြန်လာတဲ့ အုပ်ချုပ်ရေးမှူးလင်မယား သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

0 2
0 2

ပဲခူး၊ မေ ၈၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကြပ်ကုန်းရွာအနီး တောင်နဝင်းဆည်နားမှာ စျေးကပြန်လာတဲ့ အုပ်ချုပ်ရေးမှူးလင်မယား သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မေလ ၈ ရက်ဒီမနက် ၈ နာရီ ၄၀ မိနစ်လောက်မှာ တဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသန်း ၅၁ နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်ဆွေဆွေမြင့် ၄၈ နှစ်တို့ဟာ ကြပ်ကုန်းစျေးကနေ ကားနဲ့တဲကုန်းရွာဘက်ပြန်လာချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“မြေပြင်က သတင်းပေးပို့လာတာကတော့ အုပ်ကြီးလင်မယားက ကားနဲ့ပြန်လာတဲ့အချိန် လမ်းကနေ စောင့်ပြီး ရှင်းလိုက်တာလို့သိရတယ်။ သူတို့လင်မယားမှာ မိန်းမကပိုဆိုးတယ်။ စကစ အားကိုးနဲ့ ရွာသူရွာသားတွေအပေါ် ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်။ ဒါကြောင့် ရှင်းလိုက်တာဖြစ်တယ်”လို့ ပြောပါတယ်။

အဲ့ဒီ အုပ်ချုပ်ရေးမှူးလင်မယား စီးလာတဲ့ကားကို တောင်နဝင်းဆည်အနီးမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတားပြီး၊ ၂ ဦးစလုံးကားအပြင် ရောက်တဲ့အချိန်မှ ရှင်းလင်းခဲ့တာကြောင့် လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ အုပ်ချုပ်ရေးမှူးလင်မယားဟာ စစ်ကောင်စီအားကိုးနဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျနေတာကြောင့် ခုလိုပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။