ပထမဆုံးသော အာရှဖွား UFC ချန်ပီယံ ဂျော့ရှ်ဝါ ဗန် (အားကစားသတင်း)

0 130
0 130

မြေလတ်အသံ၊ ဒီဇင်ဘာ ၇၊ ၂၀၂၅။

မြန်မာပြည်ဖွား ချင်းလူငယ်ဖိုက်တာ ဂျော့ရှ်ဝါဗန် ဟာ လက်ရှိချန်ပီယံ ပန်တိုဂျာကို ပထမအချီ ၂၆ စက္ကန့်မှာပဲ TKO (Technical Knockout) နဲ့ အနိုင်ရှိပြီး UFC ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်လာပါပြီ။

ဒါဟာ အာရှတိုက်ဖွား ဖိုက်တာတွေထဲမှာ ပထမဆုံးသော UFC ချန်ပီယံ ဖြစ်ပြီး UFC သမိုင်းတလျှောက် ဒုတိယမြောက် အသက်အငယ်ဆုံး ချန်ပီယံလည်း ဖြစ်ပါတယ်။

ဂျော့ရှ်ဝါဗန်ဟာ ချန်ပီယံခါးပတ်ကို ၄ ကြိမ်အထိ ကာကွယ်ထားနိုင်ခဲ့တဲ့ ဖလိုင်းဝိတ်တန်းရဲ့ အကောင်းဆုံးဖိုက်တာ ပန်တိုဂျာကို အနိုင်ယူပြီး သူဖြစ်ချင်ခဲ့တဲ့ဆန္ဒတွေအတိုင်း မြန်မာ့ဂုဏ်ဆောင် UFC ချန်ပီယံတစ်ယောက် ဖြစ်လာတာလည်း ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။