မြေလတ်အသံ၊ မေ ၁၀၊ ၂၀၂၆။
ဒီနေ့မနက် ယှဉ်ပြိုင်နေတဲ့ UFC 328 ရဲ့ MMA ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲမှာ စိန်ခေါ်သူ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို ချန်ပီယံ ဂျော့ရှ်ဝါဗန်က ၅ ချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။
ဗန်ရဲ့ ပထမဆုံး ခါးပတ်ကာကွယ်ပွဲမှာ အနိုင်ယူခဲ့တာဖြစ်ပြီး ဖလိုင်းဝိတ်ချန်ပီယံဘွဲ့ကို ဆက်လက်ရယူထားနိုင်တာလည်းဖြစ်ပါတယ်။