မြိုင်နယ်က စစ်ရှောင်တွေကို WLM နဲ့ ဒေသတွင်းပကဖတွေက ရိက္ခာထောက်ပံ့

0 1
0 1

မကွေး၊ မေ ၃၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ စစ်ရှောင်စခန်း ၅ ခုက စစ်ရှောင်တွေကို စားနပ်ရိက္ခာနဲ့ ငွေကြေးတချို့ကို We Love Myaing နဲ့ ဒေသတွင်း ပကဖ အဖွဲ့တွေက ပူးပေါင်းကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် အပါအဝင် ရိက္ခာခြောက်တွေနဲ့ ငွေသားတချို့ကို ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။

“စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ အဝတ်တထည်ကိုယ်တခုနဲ့ ပြေးကြရတယ်။ အရေးကြီးတဲ့ ပစ္စည်းတချို့နဲ့ ဘေးလွတ်ရာရှောင်တိမ်းနေရတယ်။ စားဖို့သောက်ဖို့ဆိုတာလည်း များများစားစား ပါမလာကြပါဘူး။ အခုလို ဒုက္ခကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့အခက်ခဲကို နည်းနည်းလောက်ဖြစ်ဖြစ် စိတ်သက်သာရာ ရစေချင်တာ” လို့ သတင်းတာဝန်ခံက ပြောပါတယ်။

ဒီထောက်ပံ့မှုတွေအတွက် စုစုပေါင်း ၃၃ သိန်း ၁ သောင်းခွဲကျပ် ကုန်ကျခဲ့တယ်လို့လည်း WLM ရဲ့ငွေစာရင်းရှင်းတမ်းထုတ်ပြန်ချက်အရ သိရပါတယ်။

ထောက်ပံ့ခဲ့တဲ့ ပကဖ အဖွဲ့အစည်းအမည်တွေနဲ့ စစ်ရှောင်စခန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

We Love Myaing အဖွဲ့အနေနဲ့ မြိုင်မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေကို အဓိကထား ပံ့ပိုးနေတာ ဖြစ်ပြီး၊ ပေါက်မြို့နဲ့ ရေစကြိုမြို့ဘက်က စစ်ရှောင်တွေကလည်း မြိုင်မြို့နယ်ဘက်မှာ ဝင်ရောက်လာခဲ့တာကြောင့် သူတို့တွေကိုပါ ကူညီထောက်ပံ့မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။