CDM ကျောင်းသားတွေ ပြည်ပပညာတော်သင်သွားနိုင်ဖို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းစီစဥ်

1 49
1 49

စစ်ကိုင်း၊ နိုဝင်ဘာ ၂၀၊ ၂၀၂၅။

စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းရဲ့ ပညာရေးလုပ်ငန်းအဖွဲ့က CDM ကျောင်းသူ၊ ကျောင်းသားများအတွက် ပြည်ပပညာတော်သင်ဆု (Scholarship Program) တက်ရောက်နိုင်မယ့်အစီအစဥ်တခု စီစဥ်ထားတယ်လို့ ပညာရေးတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

အဲ့ဒီအစီအစဥ်ဟာ ပြည်ပနိုင်ငံတွေမှာပညာသင်ကြားရေးအတွက် လိုအပ်တဲ့ပညာသင်စားရိတ်အတွက် လျှောက်လွှာကို နိုဝင်ဘာ ၁၉ ရက်မှ ၃၀ ရက်အထိလျှောက်ထားရမှာ ဖြစ်ပြီး CDM ကျောင်းသူ၊ ကျောင်းသူတွေကို ဦးစားပေးခေါ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျောင်းသူ၊ ကျောင်းသားတွေရဲ့အနာဂတ်ပညာရေးလမ်းကြောင်းကို နိုင်တဲ့နေရာကနေ ကူညီတဲ့ သဘောမျိုးပါ။ ဒီတခေါက်ကတော့ စစ်ကိုင်းတိုင်းတွင်းက ကျောင်းသူ၊ ကျောင်းသားတွေကိုပဲ ရွေးချယ်ပေးနိုင်ဦးမှာပါ။ နိုင်ရာလေးကနေစချင်တဲ့အနေနဲ့ပေါ့။” လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းရဲ့ ပညာရေးလုပ်ငန်းအဖွဲ့တာဝန်ခံ ဆရာဇေက မြေလတ်အသံကိုပြောပါတယ်။

အဆိုပါ ပညာတော်သင်ဆုကို NUG MOE ရဲ့ လက်အောက်မှာပညာသင်ကြားနေကြတဲ့ အခြေခံပညာ အထက်တန်းအောင်မြင်ပြီးသူတွေအပြင် အာဏာမသိမ်းမီက အထက်တန်းအောင်မြင်ပြီး စစ်ကော်မရှင်လက်အောက် တက္ကသိုလ်ကျောင်းတွေမှာ ပညာသင်ကြားမှုမရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဦးစားပေးသွားမှာလို့လည်း ဆိုပါတယ်။

“အဲ့ဒီမှာ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ သူတို့စိတ်ပါဝင်စားတဲ့ ပြည်ပနိုင်ငံက တက္ကသိုလ်တွေ ဆီမှာ ဝင်ခွင့်ဝင်ရောက်ဖြေဆိုရမယ်။ ဝင်ခွင့်ဖြေဆိုအောင်မြင်ပြီးသွားရင် စစ်ကိုင်းဖိုရမ်ကို ပညာသင်စရိတ်အတွက် လာရောက်ချိတ်ဆက်နိုင်တယ်။” လို့ ဆရာဇေက ပြောပါတယ်။

ဒီအစီစဥ်နဲ့ပတ်သက်ပြီး စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းနဲ့ ဒို့ဖက်ဒရယ် ဖေ့ဘုတ်ပေ့ချ်တို့မှာ ကြေညာထားပြီး လာရောက်လျှောက်ထားသူတွေထဲ စစ်ကိုင်းဖိုရမ်ရဲ့ မူဝါဒသတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူ ၁၀ ဦးကိုရွေးချယ်ကာ ပညာသင်စရိတ်ထောက်ပံ့ပေးသွားမှာလို့လည်း ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။