20 February 2026 1:29 PM

NUG ဝန်ကြီးရဲ့တူဖြစ်သူ တပ်ရင်းမှူးအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးအသတ်ခံရ

0 1
0 1

ကောလင်း၊ ဧပြီ ၂၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သဲကောရွာမှာ ကောလင်းခရိုင် တပ်ရင်း ၁ တပ်ရင်းမှူး ဒူဂျွန်ခလန်ဇော်ဆိုင်း (၃၁ နှစ်)နဲ့ ဘော်ဒီဂတ်ရဲဘော် နှစ်ဦးဟာ ဧပြီလ ၂၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတဲ့ တပ်ရင်းမှူး ဒူဂျွန်ခလန်ဇော်ဆိုင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် ဇနီးရဲ့ တူဖြစ်တယ်လို့ သူတို့နဲ့ နီးစပ်တဲ့အသိုင်းအဝန်းက ဆိုပါတယ်။

ဒေါက်တာတူးခေါင်အနေနဲ့လည်း သူရဲ့လှုမှုကွန်ရက်ပေ့ချ်မှာ “ငါ့တူ စစ်ကိုင်းမှာ အသက်ပေးသွားတယ်။ လေးလေးနက်နက် အလေးပြုပါတယ်” လို့ ရေးသားထားပါတယ်။

တပ်ရင်းမှူး ဒူဂျွန်ခလန်ဇော်ဆိုင်းနဲ့ ရဲဘော်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီးနောက်ရက် ဧပြီလ ၂၇ ရက် မနက် ၃ နာရီဝန်းကျင်မှာ သဲကောရွာနဲ့ တရွာအကျော်က ဘုမ္မရာဇာကုန်းပေါ် မှာ မြို့နယ် ပအဖ၊ ပကဖ နဲ့ ပလဖ အသီးသီးက ရဲဘော် ၇ ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရပါသေးတယ်။

“ရင်းမှူးက ဘော်ဒီဂတ်ကလေးနဲ့ စစ်ကြောင်းသွားထောက်တာ။ စစ်မရောက်သေးဘူး ထင်ပြီး သဲကောရွာကို ဖြတ်တာ။ စစ်တွေက ရွာထဲမှာ အရင်ရောက်နှင့်နေပြီး အဖမ်းခံလိုက်ရတာ။ နယ်မြေမကျွမ်းတာလည်း ပါမှာပေါ့။ ရင်းမှူးက ပြောင်းလာတာ မကြာသေးဘူး။ သူတို့ နှစ်ယောက်ကိုက ရွာထဲမှာ ကြိုးတုတ်ပြီး ရက်ရက်စက်စက် မီးရှို့သတ်သွားတယ်။ ရဲဘော်တွေက ရင်းမှူးအဖမ်းခံလိုက်ရတယ်ကြားလို့ စစ်ကူလာဖြည့်ရင်း မိပြီး ပစ်သတ်ခံရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးရဲဘော်တွေရဲ့ အလောင်းတွေကိုတော့ ဧပြီ ၂၇ ရက်ကပဲ ကောက်ယူကာ သဂြိုလ်ပြီးသွားပြီလို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၃၆၉ စစ်ကြောင်းဟာ ဧပြီလ ၂၃ ရက်ကတည်းက ဝန်းသိုဘက်ကနေ ကောလင်းမြို့နယ်ထဲ ဝင်လာတာဖြစ်ပြီး သဲကော၊ တုံးတင်တပ်၊ နှောကုန်း၊ ကုက္ကိုကုန်းရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး အခုလက်ရှိ ဇီးကုန်းရွာဘက်မှာ ရောက်နေတယ်လို့ သိရပါတယ်။

အဲဒီ့ ခလရ ၃၆၉ စစ်ကြောင်းထိုးနေလို့ ကျောက်ပြင်သာ၊ အင်ပင်လှ၊ မင်းကုန်း၊ သဲချောင်း၊ ချောင်းကွေ့၊ အလယ်ကုန်း၊ တုံးတင်တပ်၊ နှောကုန်း၊ သဲကော၊ ဝါးရုံခုံ၊ ပွဲခံ၊ ကပ်ဖလူး၊ ဇီးကုန်း၊ အင်ပင်သာ၊ စစ်တော၊ လက်ပံရှို၊ ကသစ်ကုန်း စတဲ့ရွာတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။