ယူကရိန်းသမ္မတ ဇယ်လန်စကီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ တူရကီသွားရောက်ရန် စီစဉ်

0 2
0 2

မြေလတ်အသံ၊ နိုဝင်ဘာ ၁၈၊ ၂၀၂၅။

ယူကရိန်းသမ္မတ ဇယ်လန်စကီး က ရုရှားနဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်မယ့် ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ တူရကီနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့တယ်လို့ ရိုက်တာ သတင်းဌာနကဖော်ပြပါတယ်။

တူရကီသတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်အရ အမေရိကန်အထူးသံတမန် စတိဗ် ဝစ်ကို့ဖ် (Steve Witkoff) လည်း ဗုဒ္ဓဟူးနေ့မှာ တူရကီကိုသွားရောက်မှာဖြစ်ပြီး ဇယ်လန်စကီးနဲ့အတူ ဆွေးနွေးပွဲတွေမှာ ပါဝင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒီနေ့ အင်္ဂါနေ့မှာ စပိန်နိုင်ငံကိုရောက်ရှိနေတဲ့ ဇယ်လန်စကီးက တူရကီ အစည်းအဝေးနဲ့ ပတ်သက်ပြီး “ကျနော်တို့ ဆွေးနွေးညှိနှိုင်းမှုတွေကို ပြန်လည်အသက်ဝင်လာစေဖို့ ပြင်ဆင်နေပါတယ်၊ ကျနော်တို့ရဲ့ မိတ်ဖက်တွေကို အဆိုပြုမယ့်ဖြေရှင်းနည်းတွေကိုလည်း ပြင်ဆင်ထားပါတယ်။ စစ်ပွဲအဆုံးသတ်ဖို့ နီးစပ်လာအောင် ဖြစ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်သွားဖို့က ယူကရိန်းရဲ့ထိပ်တန်းဦးစားပေးဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လက အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက်ပိုင်း ကိယက်ဗ်နှင့် မော်စကိုတို့အကြား တိုက်ရိုက်မျက်နှာချင်းဆိုင်ဆွေးနွေးမှုတွေ မပြုလုပ်နိုင်ခဲ့သေးပါဘူး။

ယူကရိန်းနဲ့ ရုရှားတို့ အစ္စတန်ဘူလ်မှာ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးပြီး အဲ့ဒီဆွေးနွေးမှုတွေကနေတဆင့် စစ်သုံ့ပန်း ထောင်ပေါင်းများစွာနဲ့ သေဆုံးစစ်သည်တွေရဲ့ ရုပ်အလောင်းတွေကို ဖလှယ်နိုင်ခဲ့တာဖြစ်ပါတယ်။

သို့သော် အချိန် ၄ နှစ်နီးပါး ကြာမြင့်လာတဲ့ ဒီစစ်ပွဲကို အဆုံးသတ်နိုင်မယ့် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် အဖြေရှာရေးနဲ့ပတ်သက်တဲ့ အောင်မြင်မှုမျိုးတော့ ရရှိခဲ့ခြင်း မရှိသေးပါဘူး။

ယူကရိန်းအနေနဲ့ စစ်သုံ့ပန်းလဲလှယ်ရေး ပြန်လည်စတင်နိုင်ဖို့ လုပ်ဆောင်နေတဲ့အကြောင်း ဇယ်လန်စကီး က ပြောကြားခဲ့ပါသေးတယ်။

Source – Reuters

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။