ဝေါမြို့၊ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေဆုံး

0 1
0 1

ဝေါ၊ ဧပြီ ၂၈၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၇ ရက်မနေ့ည ၇ နာရီခန့်မှာ ညောင်ခါးရှည်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ တန်းစီနေချိန် အလစ်သွားရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဝေါမြို့နယ် ပကဖ တာဝန်ရှိသူကပြောပါတယ်။

“ညက သူတို့တန်းစီးနေချိန် စခန်းအဝင်အဝနားထိ သွားပြီး အလစ်အငိုက်ဖမ်းပစ်ခတ်ခဲ့တာ။ ကျနော်တို့ဘက်က ပစ်ချိန် စခန်းရဲ့အခြားနေရာမှာ ရှိနေတဲ့ ဘန်ကာနဲ့ကတုတ်ကျင်းတွေထဲမှာ ရှိနေတဲ့ ရဲတွေကလည်း ပြန်ပစ်တာ။ စခန်းအနေထားက ပတ်ဝန်းကျင်မှာ အိမ်တွေရှိနေတော့ ပြည်သူတွေ ထိခိုက်မှာစိုးပြီး ပြန်ဆုတ်လာရတယ်။ စခန်းအထဲထိ ဝင်ပစ်ဖို့အစီစဥ်ကတော့ အထမမြောက်ခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် ကာကွယ်ရေးအဖွဲ့ဝင်တွေဘက်က ထိခိုက်တာမရှိပေမယ့် နေအိမ်အချို့ ရဲဘက်ကပစ်တဲ့ ကျည်ထိပြီး ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့ကာ ပျက်စီးတဲ့ အိမ်ခြေအရေအတွက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ခုလိုတိုက်ခိုက်မှုကြောင့် စခန်းအဝင်မှာ ကင်းစောင့်နေတဲ့ ရဲ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်ဆိုပေမယ့် ဒီထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဝေါမြို့နယ်(ပကဖ)အဖွဲ့နဲ့ တပ်ရင်း (၃၇၀၁) ပြောက်ကျားအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါတပ်ဖွဲ့ဝင်တွေဟာ ရဲစခန်းတိုက်ခိုက်မှုအပြီး ပြန်အထွက်မှာ ညောင်ခါးရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကိုလည်း ဗုံးပစ်တိုက်ခိုက်ခဲ့ပေမယ့် ဗုံးပေါက်ကွဲတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၆ ရက် ညပိုင်းကလည်း ဝေါမြို့နယ်၊ ဝေါမြို့မှ ဘုရားပျိူကျေးရွာဘက်အထွက်ရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ပျူနဲ့စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။