ကြို့ပင်ကောက်က စစ်တပ်သတင်းပေးဆိုသူ အသတ်ခံရ

0 1
0 1

ကြို့ပင်ကောက်၊ ဧပြီ ၂၆၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က စစ်ကောင်စီသတင်းပေးတဦးကို ဧပြီလ ၂၅ ရက် မနေ့ ညနေပိုင်းက သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Black Dragon ,GBKPDF က သတင်းထုတ်ပြန်ပါတယ်။

အသတ်ခံရသူဟာ ကြို့ပင်ကောက်မြို့နယ်၊ ဘော်ပင်ဆည်အမှတ် ၁၊ ရုံးချောင်းအုပ်စု၊ ဆည်တော်ဦးရွာက အသက် ၅၀ အရွယ် ကိုမောင်မျိုးဖြစ်ပြီး၊ သူရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့ကာ သက်သေခံဖုန်းကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

“သေနတ်နဲ့ခေါင်းကို ၁ ချက်၊ ဗိုက်ကို ၂ ချက်၊ တင်ပါးကို ၁ ချက်ပစ်လို့ ပွဲချင်းပြီးသေသွားပါတယ်။ ပစ်ခတ်နေတဲ့အချိန် အိမ်ထဲမှာ သူ့ဇနီးနဲ့မြေးတဦးလည်းရှိနေတယ်။ သူတို့ကိုအန္တရာယ်မပြုခဲ့ဘူး”လို့ Black Dragon အဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ကိုမောင်မျိုးဟာ ပျူစောထီးခေါင်းဆောင်တဦးဖြစ်တဲ့အပြင် သိမ်းဆည်းခဲ့တဲ့သူ့ရဲ့ဖုန်းကို စစ်ဆေးရာမှာ ဖုန်း Call Recoder မှတ်တမ်းမှာလည်း ကျေးရွာအုပ်ချုပ်ချုပ်ရေးမှူးက PDFသတင်းမေးမြန်းမှုကို “တောင်ပေါ်မှာ အခြေအနေမကောင်းကြောင်း၊ သတိဝိရီယနဲ့ နေထိုင်နေရပြီး ထူးခြားသတင်းရှိပါက ပေးပို့သွားမှာဖြစ်တယ်” လို့ ပြောဆိုထားတာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို သတင်းပေးလုပ်မယ့်သူတွေနဲ့ လုပ်နေတဲ့သူတွေကို သတိပေးအဆင့် ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် ကိုယ့်အသိနဲ့ကိုယ် နုတ်ထွက်ကြဖို့နဲ့ Black dragon က လုံးဝနယ်မြေရှင်းလင်းရေး လုပ်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည်လက်အောက်ခံ BLA K Dragon (GBK PDF)နဲ့ Black Wolf – UG ပြောက်ကျားတပ်ဖွဲ့တို့က ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

ဧပြီလ ၂၁ ရက်ညနေကလည်း ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမတောင်ခြေမှာရှိတဲ့ တောင်နှစ်လုံးပေါက်ရွာက စစ်တပ်သတင်းပေးဆိုသူ ကိုတင်ကြိုင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ လက်အောက်ခံ Black Dragon, GBK PDFက ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း- ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။