မာရှယ်လောထုတ်ထားတဲ့ပေါက်ခေါင်းက အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0 1
0 1

ပေါက်ခေါင်း၊ ဧပြီ ၁၉၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကိုအေးနိုင်ကို ဧပြီလ ၁၉ ရက် နေ့လယ်က သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDFတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီအုပ်ချုပ်ရေးမှုးကို ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းကျေးရွာနဲ့ကြို့ပင်ဝိုင်းကျေးရွာကြားလမ်းပေါ်မှာ ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်က ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

“သူကပေါင်းတလည်ကနေ ဆိုင်ကယ်နဲ့တယောက်တည်းပြန်လာတာကို ပစ်ခတ်ခဲ့တာပါ။ ရင်ဘက်ကို နှစ်ချက်မှန်ပါတယ်။ နေရာတင်ပွဲချင်းပြီး” လို့ PPDFတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ကိုအေးနိုင်ဟာ နေအိမ်မှာအရက်ဆိုင်ဖွင့်ကာ စစ်သားနဲ့ ရဲတွေကို အရက်တိုက်ကျွေးမွေးနေသူဖြစ်ပြီး သမချေးငွေ၊ စိုက်ပျိုးရေးချေးငွေတွေကို ပြည်သူတွေဆီကနေ အဓမ္မတောင်းခံနေသူဖြစ်သလို လောင်းကစားဒိုင်တွေဆီက လိုင်းကြေးငွေကို ကိုယ်တိုင်ကောက်ခံပြီး စစ်ကောင်စီထံ ပေးနေသူလည်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင်ကျေးရွာအုပ်စုအတွင်းရှိ လူငယ်တွေကို စစ်တပ်ထဲဝင်ရန် စည်းရုံးနေသူလည်းဖြစ်တယ်လို့ဆိုပါ တယ်။

အဲဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ပြည်ခရိုင် တပ်ရင်း ၃၆၀၁တပ်ခွဲ ၅ (နွေဦး)အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက် ညကလည်းနွေဦးအဖွဲ့ဟာ မာရှယ်လောထုတ်ပြန်ထားတဲ့ သာယာဝတီခရိုင်၊ နတ်တလင်းမြို့က ပွဲသာကျေးရွာအုပ်ချုပ်ရေးမှူးကိုတင်ထွန်းကို အလှူပွဲကအပြန် သေနတ်နဲ့ ပစ်သတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။