26 July 2026 6:24 PM

သင်္ကြန်ရက် ရေမကစားဘဲ စခန်းအတွက်လိုအပ်တဲ့ ရေလောင်းအိမ်သာ ဆောက်လုပ်

0 1
0 1

ပခုက္ကူ၊ ဧပြီ ၁၃၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အခြေစိုက် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ MRG တပ်ဖွဲ့ဟာ သင်္ကြန်ရက်အတွင်း စခန်းအတွက် လိုအပ်တဲ့ ရေလောင်းအိမ်သာ ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။

စခန်းအတွင်းမှာ ရေကစားခွင့်မရှိတဲ့အတွက် ရဲဘော်တွေဟာ ရေလောင်းအိမ်သာဆောက်လုပ်တာအပါအဝင် စခန်းအတွက် လိုအပ်တာတွေ လုပ်ဆောင်နေပြီး ရဲဘော်တချို့ကတော့ ဒုလဘ္ဘရဟန်းဝတ်ကြတယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သင်္ကြန်မှာ တခြားထွေထွေထူးထူးတော့ မရှိပါဘူး။ ပွဲကျင်းပတာတွေ ရေကစားတာတွေလည်း လုပ်ခွင့်မပြုထားပါဘူးခင်ဗျ။ သင်္ကြန်ကာလမှာ ဒုလ္လဘဝတ်ချင်တဲ့ ရဲဘော်တွေရှိရင် ဝတ်ခွင့်ပြုထားပါတယ်။ အရင်နှစ်တွေကလည်း ဒီတိုင်းပါပဲ” လို့ ဆိုပါတယ်။

ရေကစားချင်ကြတဲ့ ပြည်သူတွေအနေနဲ့လည်း အညာဒေသက မီးဘေး၊စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို ငဲ့ညှာတဲ့အနေနဲ့ စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ပွဲမှာ မပါဝင်ကြဖို့ကိုလည်း အထက်ပါ တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

“တောထဲမှာ တော်လှန်နေတဲ့ လူကြီး၊လူငယ်တွေက စစ်ခွေးတွေ မီးရှို့လို့ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ပြည်သူတွေကို တချက်စာနာပြီး အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်တဲ့ပွဲတွေမှာ မပါဝင်ကြစေချင်ဘူး။ သည်းခံစောင့်ဆိုင်းပေးကြပါဦး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကလည်း ကမ္ဘာ့ကဗျာများနေ့မှာ ကဗျာရွတ်ပွဲကို မြေလတ်ဒေသပြောက်ကျားစခန်းမှာ ကဗျာဆရာနဲ့ ကဗျာချစ်သူတွေ၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၀၊ ပုလဲမြို့နယ် တပ်ရင်း-၄ တို့က တပ်ရင်းမှူးတွေ တက်ရောက်သလို တပ်ရင်း-၆ က ရဲဘော်တွေ၊ ပကဖတွေနဲ့ ပအဖ ခေါင်းဆောင်တွေအပါအဝင် အင်အား ၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။