အမိုးနီးယား ယိုစိမ့်မှုကြောင့် လူပေါင်း ၃၀ ကျော် အဆိပ်သင့်မှုဖြစ်ပွား

0 2
0 2

စဥ့်ကိုင် ဧပြီ ၁၂၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာမှာ အမိုးနီးယား ယိုစိမ့်မှုကြောင့် လူပေါင်း ၃၀ ကျော် အဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၁ ရက် ၁ နာရီခန့်မှာ တဘက်ဆွဲကျေးရွာရှိ လေထိုးကွန်ပရက်ဆာနဲ့ လေလှောင်အိုးရောင်းဝယ်ရေး အလုပ်ရုံကနေ အမိုးနီးယား ၈၀၀ လီတာအိုးမှ အမိုးနီးယားတွေ ယိုစိမ့်ခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်နေ ပြည်သူတွေ အဆိပ်သင့်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အောက်ဆီဂျင်အိုးဖြည့်လုပ်ငန်း ရှိတယ်။ အဲဒီမှာ သုံးတဲ့အိုးတွေကို ဆေးကြောဖို့ လုပ်ကြတဲ့အချိန်မှာ အရည်တွေရှိနေတဲ့ အိုးကို မှားဖွင့်မိပြီး အငွေ့တွေက ပတ်ဝန်းကျင်ကို ပြန့်ကုန်တာလို့ သိရတယ်။ အဲဒီအနံကို ရှုမိတဲ့သူတွေက တော်တော်များတယ်။ အဲ့ထဲကမှ လူအချို့က ဆေးရုံပို့ရတဲ့အခြေနေထိ ဖြစ်ကုန်တာ” လို့ ပြောပါတယ်။

အမိုးနီးယားအငွေ့တွေ ရှုမိလို့ ကလေးငယ် ၁၁ ဦးအပါအဝင် လူပေါင်း ၃၀ ကျော်ဟာ မေ့လဲတာ၊ မူးမော်တာနဲ့ အော့အန်တာတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အမိုးနီးယားအဆိပ်သင့်သူတွေကို ဒေသလူမှုကူညီရေးအသင်းတွေက မန္တလေးဆေးရုံ၊ စဥ့်ကိုင်ဆေးရုံအပါအဝင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို အောက်ဆီဂျင်ပေးကာ သယ်ဆောင်ပြီး ဆေးကုသမှုပေးနေရတယ်လို့ သိရပါတယ်။

ဆေးရုံဆေးခန်းရောက်ရှိချိန် ဆေးကုသမှုခံယူပြီးနောက် သက်သာလာသူတချို့ နေအိမ်ပြန်ခဲ့တာရှိပြီး တချို့ကတော့ ဆေးရုံမှာ ဆေးကုသမှု ဆက်လက်ခံယူနေဆဲဖြစ်ကာ စိုးရိမ်ရသူ မရှိဘူးလို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။