ပေါက်ခေါင်းမှာ စစ်ကြောင်းကိုမိုင်းဆွဲပြီး နယ်မြေရှင်းလင်းချိန် ခဲယမ်းအချို့သိမ်းဆည်း

0 35
0 35

ပေါက်ခေါင်း၊ အောက်တိုဘာ ၁၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာအနီးမှာ စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့တယ်လို့ အောက်တိုဘာ ၁၃ ရက်မှာ ပြည်ခရိုင် အမှတ် ၂၊ ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၁ ရက်ည ၈ နာရီကျော်မှာ တောင်လည်ကျေးရွာရှိ အထိုင်စခန်းမှ ဘော်ဒါကျေးရွာ အထိုင်စခန်းဘက်ကို အင်အားအချိန်းအပြောင်းလုပ်ဖို့ထွက်လာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မိုင်းဘယ်နှစ်လုံးဆွဲခဲ့တာလဲဆိုတော့ လုံခြုံရေးအရပြောလို့အဆင်မပြေလို့ မိုင်းဆွဲပြီး ပြန်ဆုတ်လာတယ်။ ထိတွေ့တော့မရှိဘူး။ မိုင်းဆွဲပြီးနောက်တရက် နယ်မြေရှင်းလင်းရေးလုပ်တော့ ပစ္စည်းတွေ သိမ်းဆည်းရမိတာ”လို့ ပြည်ခရိုင် အမှတ် ၂၊ ၃၆၀၂ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ Red Star ကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်မှာ စစ်ကော်မရှင်တပ်ဖွဲ့တွေထိခိုက်သေဆုံးနိုင်ပေမယ့် အရေအတွက် သိရဖို့ကိုတော့ စုံစမ်းနေဆဲဖြစ်ကာ မိုင်းဆွဲခံရပြီးနောက် စစ်ကြောင်းကတော့ ဘော်ဒါအထိုင်စခန်း ဘက်ကို ဆက်လက်ထွက်သွားပြီး အဲ့ဒီစခန်းမှာတပ်စွဲထားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၁၂ ရက် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာတော့ မိုင်းဆွဲ ခံရတဲ့နေရာအနီးမှာ စစ်သုံးကျောပိုးအိတ် ၁ လုံး၊ MA ကျည်ဘောက် ၁ ခု၊ BA100 ဗုံးသီး ၁ လုံး၊ 5.56 ကျည် ၇၀ တောင့်၊ Power bank ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တာပါ။

အောက်တိုဘာ ၄ ရက်ကလည်း တောင်လည်ကျေးရွာအထိုင်စခန်းမှ အင်အား ၅၀ ခန့်နဲ့ ခြေလျင် စစ်ကြောင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို အုတ်ဖိုကျေးရွာအနီးအရောက်မှာ မိုင်းဆွဲခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။