အရှိန်လွန်ပြီး လမ်းလယ်ကျွန်း ဝင်တိုက်လို့ ကားမီးလောင်ပြီး အမျိုးသား ၃ ဦးသေဆုံး

0 2
0 2

မြင်းခြံ၊ ဧပြီ ၁၀၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၂၅/၆ နဲ့ ၃၂၅/၇ ကြားမှာ ကား ၁ စီး အရှိန်လွန်ပြီး လမ်းလယ်ကျွန်း ဘလောက်တုံးကို ဝင်တိုက်မိရာက ကားမီးလောင်ပြီး ကားပေါ်ပါ အမျိုးသား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၀ ရက်မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ မန္တလေးဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ Honda Civic ကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို တိုက်မိပြီး မီးလောင်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“သိရသလောက်က ကားက မန္တလေးဘက်က လာတာ။ ကားမီးလောင်တော့ ကားထဲက အမျိုးသား ၃ ဦးပါ မီးလောင်သေဆုံးသွားတယ်။ ကားတိုက်တဲ့ အရှိန်နဲ့ လူတွေ မထွက်နိုင်ခင် ကားက မီးလောင်သွားတာဆိုတော့ အကုန်မီးလောင် သေဆုံးသွားတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ကားပေါ်ပါ ပစ္စည်းတွေလည်း မီးလောင်ပျက်စီးခဲ့ပြီး၊ ရုပ်အလောင်းတွေလည်း မီးလောင်ကျွမ်းနေတာကြောင့် သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ကားမီးလောင်ရာကို အမြန်လမ်းမီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ပေးခဲ့ပြီး ရုပ်အလောင်းတွေကို နွားထိုးကြီးမြို့နယ်ဆေးရုံကို ပို့ထားပေးရတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့လယ် ၁ နာရီခွဲခန့်မှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၃၁၉/၅ နဲ့ ၃၁၉/၆ အကြားမှာ ယာဥ်တိမ်းမှောက်ရာမှ ကားမီးလောင်မှုဖြစ်ပြီး၊ ယာဥ်ပေါ်ပါ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး မီးလောင်သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။