26 July 2026 11:38 PM

အရာတော်သားတွေကို နိမ့်ချရေးထားတဲ့ဝါဒဖြန့်စာတွေ စစ်အုပ်စုက လိုက်ကြဲ

0 1
0 1

အရာတော်၊ ဧပြီ ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့က ပြည်သူတွေကို နိမ့်ချရေးထားတဲ့ ဝါဒဖြန့်စာရွက်တွေကို ဧပြီ ၆ ရက်မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက လိုက်ဖြန့်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

အရာတော်မြို့မစျေး၊ မြို့လယ်ဓမ္မာရုံတို့မှာ စစ်သား ၁၀ ဦးလောက်နဲ့ မနေ့ညနေ ၃ နာရီဝန်းကျင်မှာ ကား ၁ စီးပေါ်က ဖြန့်ကြဲသွားတာလို့ ဆိုပါတယ်။

“သူတို့စာက ၂ ရွက်၊ စာမှာဘယ်အဖွဲ့အစည်းက ရေးတယ်ဆိုတာ တိတိကျကျမပါဘူး။ ကျနော်တို့ အရာတော်သားတွေကို နိမ့်ချတဲ့ စာတွေရေးထားတာ စစ်တပ်က သူ့ဟာသူရေးပြီးဖြန့်နေတာ၊ ဘယ်သူမှမယုံဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။

ပြည်သူလူထုကိုနှိပ်စက်သတ်ဖြတ်ကာ ပြည့်သူ့ပစ္စည်းခိုးယူဖျက်ဆီးနေတဲ့ စစ်တပ်အပေါ် ဘယ်တော့မှ ကမ္ဘာမကျေဘူးလို့လည်း အထက်ပါဒေသခံက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ကြဲချခဲ့တဲ့စာထဲမှာ “ရိုးသားဖြူစင်တဲ့ အညာသူအညာသားတွေကို အခွင့်ကောင်းယူပြီး ဖိနှိပ်ခံအဖြစ် အသုံးချ၊ နိုင်ငံရေးအမြတ်ထုတ်ကာ ဘာသာသာသနာကိုစော်ကားနေတယ်။ အကြမ်းဖက်သူတွေက ခေါင်းစဥ်လှလှတပ်ပြီး ပြည်သူနဲ့ရဟန်းသံဃာကို သတ်ဖြတ်ပြီး KIA နဲ့ PDF အကြမ်းဖက်တွေက စစ်တလင်းဖြစ်အောင် ဖိတ်ခေါ်နေတဲ့အတွက် ရပ်ရွာအေးချမ်းသာယာရေးကို လိုလားသူတွေက ဆန့်ကျင်တွန်းလှန်ကြဖို့” စတဲ့ စာတွေရေးသားထားတာလည်း ဖြစ်ပါတယ်။

ဒီစာရွက်တွေလိုက်ကြဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့မတ်လ ၂၉ ရက်က အရာတော်မြို့နယ်၊ ကြွေပုဂံရွာကို မီးရှို့ခဲ့လို့ ဘုန်းတော်ကြီးကျောင်းအပါ နေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးခဲ့ရပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။