ကိုးပင်ရဲစခန်းက ရဲတပ်ကြပ်အပါ ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး

0 33
0 33

ဆင်ပေါင်ဝဲ၊ စက်တင်ဘာ ၂၄၊ ၂၀၂၅။

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ တောင်တွင်းကြီး-ကိုးပင်-အောင်လံလမ်းအနောက်ဘက် ကျေးရွာချင်းဆက်လမ်းပိုင်းတခုမှာ ကိုးပင်ရဲစခန်းက ရဲတပ်ကြပ်နဲ့ စစ်ကော်မရှင်တပ်သားတဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၅ တပ်ရင်းမှူးဆီက သိရပါတယ်။

စက်တင်ဘာ ၂၃ ရက်မနက် ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ ရဲတပ်ကြပ် ခင်မောင်ဝင်းနဲ့ စစ်ကော်မရှင် တပ်သား ၁ ဦးဟာ ဆိုင်ကယ်နဲ့ထွက်လာချိန် စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“လာတာကတော့ ၂ ယောက်တည်း။ စောင့်ပစ်တော့ ထွက်ပြေးလို့ အချက် ၃၀ လောက်ဝိုင်းပစ်ခဲ့တယ်။ “လို့ သရက်ခရိုင်တပ်ရင်း ၅ တပ်ရင်းမှူးကပြောပါတယ်။

ပစ်ခံခတ်ရပြီးနောက် ရဲတပ်ကြပ်ခင်မောင်ဝင်းနဲ့ စစ်ကော်မရှင်တပ်သားတို့ဟာ နေရာမှာတင်သေဆုံးပြီး သူတို့နှစ်ဦးဆီကနေ MA 13 ၁ လက်၊ လက်ထိပ် ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုကို သရက်ခရိုင်တပ်ရင်း ၅၊ မကွေးပြောက်ကျား UG ကံကြီးမောင်အဖွဲ့၊ တောင်တွင်းကြီး ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နေပြည်တော်စစ်ဒေသ ၉၀၂ တပ်ရင်းက အဖွဲ့ဝင်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

အလောင်းတွေကိုတော့ အဲ့ဒီနေ့ညနေပိုင်းမှာပဲ စစ်ကော်မရှင်ဘက်က လာပြန်ကောက်သွားတယ်လို့ သိရပါတယ်။

ဩဂုတ် ၃၁ ရက်ကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ပဲခူးရိုးမပတ်လမ်းတနေရာမှာ ဓနုန်းမြောင် စစ်ဆေးရေးဂိတ် အချိန်းပြောင်းလုပ်ဖို့လာတဲ့ စစ်ကော်မရှင်အဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။