ပေါက်မှာ စစ်တပ်က အမျိုးသား ၁ ဦးကိုဖမ်းပြီး နေအိမ်တွေကိုမီးရှို့

0 18
0 18

ပေါက်၊ စက်တင်ဘာ ၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်အနောက်မြောက်ပိုင်း၊ မကျီးကုန်းရွာက ဒေသခံအမျိုးသား ၁ ဦးကို စစ်ကော်မရှင်တပ်ကဖမ်းဆီးပြီး နေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပေါက်မြို့ခံတွေဆီက သိရပါတယ်။

သြဂုတ် ၃၁ ရက်မနေ့ကမနက် ၁၀ နာရီဝန်းကျင်မှာ ကပစ ၂၄ ကထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်က မကျီးကုန်းရွာကနေအိမ် ၃ လုံးကိုမီးရှို့ပြီး အသက် ၆၀ အရွယ် ဦးဇော်ဌေးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“မကျီးကုန်းရွာက ဦးဇော်ဌေးကိုလည်း စစ်ကော်မရှင်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ သူ့ရဲ့ အိမ်စီးကားနဲ့ ကားဂိုထောင်ကိုလည်း မီးရှို့သွားတယ်၊ ဖောကားအသစ် ၁ စီးနဲ့ ရွှေငွေတွေကိုလည်း စစ်ကော်မရှင်စစ်ကြောင်းကယူသွားတယ်၊” လို့ ပေါက်မြို့ခံ ကိုလရောင်ကပြောပါတယ်။

ဖမ်းဆီးပြီးနောက် အဲ့ဒီစစ်ကြောင်းဟာ ထန်းပင်ချောင်းရေနံမှော်ကိုလည်းဝင်ရောက်မီးရှို့ခဲ့ပြီး လက်ရှိမှာ ရေနံမြေတကျောမှာတပ်ဖြန့်ပြီး ပေါက်မြို့နယ်၊ ဇီးပြာရွာဘက်ကိုသွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်ကလည်း စစ်ကော်မရှင်စစ်ကြောင်းက ပေါက်မြို့နယ်အရှေ့ပိုင်း ပေခုနှစ်ပင်ရွာကို မီးရှို့ပြီး တည်ပင်ကန်ရွာက အမျိုးသား ၁ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။