မုံရွာ နမခ တပ်ကနေ အရာတော် စခတ ၁၀ တပ်ကိုလာတဲ့ ယာဉ်တန်း မိုင်းဆွဲခံရ

0 3
0 3

မုံရွာ၊ မတ် ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာ နမခ တပ်ကနေ အရာတော် စ.ခ.တ ၁၀ တပ်ကိုလာတဲ့ ၁၂ ဘီးကားယာဉ်တန်း ၅ စီးဟာ မတ်လ ၂၃ ရက်မနေ့က မနက် ၆ နာရီကျော်လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်း ၅ စီးကို အရာတော်မြို့နယ် တုံးတင်ကန်ကျေးရွာနဲ့ ကမ်းဖြူကျေးရွာ အကြားမှာ ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့က ပဒေသာမိုင်း ၆ လုံး ဆွဲခဲ့တယ်လို့ Danger Force LPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့လာမှာကို ကျနော်တို့ကြိုတင်သတင်းရထားလို့ သွားစောင့်နေတာပါ။ သူတို့ကို မိုင်းဆွဲ‌လိုက်‌တော့ ကားတစီး ထိသွားတယ်။ မိုင်းဆွဲခံရပြီးတော့ ကမ်းဖြူရွာမှာ ခဏနေတယ်။ ပြီးတော့ စခတ ၁၀ တပ်ကို ဆက်သွားပါတယ်” လို့ ဆိုပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမဲ့လည်း အရေအတွက် အတိကျ မသိရှိသေးဘူးလို့လည်း ဆိုပါတယ်။

မိုင်းဆွဲပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ Danger Force LPDF ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု နာရီပိုင်းလောက် ဖြစ်ပွားခဲ့ပေမဲ့လည်း ကာကွယ်ရေးတပ်ဖွဲ့က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးကို Danger Force LPDF နဲ့ လင်းယုန် တပ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

စာတည်း – ဇို

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။