26 July 2026 4:20 PM

NUG လမ်းညွှန်မှုနဲ့ ကျောင်းကျန်းမာရေးစောင့်ရှောက်ခဲ့တဲ့ ကျောင်းပေါင်း ၂၂ ကျောင်းအထိ တိုးလာ

0 4
0 4

စစ်ကိုင်း၊ မတ် ၂၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကျေးလက်ကျောင်းတွေကို ကျန်းမာရေးကူညီစောင့်ရှောက်ပေးနေတာဟာ ကျောင်းပေါင်း ၂၂ ကျောင်းအထိ ရှိလာပြီဖြစ်တယ်လို့ AVSC Medical Team ဆီက သိရပါတယ်။

ကျေးရွာပေါင်းစုံဦးဆောင်ကော်မတီ (AVSC Medical Team)ဟာ စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေက စစ်ဘေးရှောင််ပြည်သူတွေနဲ့ ကျေးလက်ကျောင်းကျန်းမာရေးနဲ့ပတ်သက်ပြီး အဓိကလုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ ကျန်းမာရေးအကြီးတန်း ၂ CDM သူနာပြုဆရာမ မအိက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ ရက်တိုရက်ရှည် စစ်ရှောင်နေရပေမယ့် ကျန်းမာရေးနဲ့ပတ်သက်လို့ ဆက်သွယ်လာရင် သွားရောက်ကူညီသလို NUGရဲ့ ကြားကာလပညာသင်စနစ် ဖော်ဆောင်နေတဲ့ကာလမှာလည်း ကျောင်းကျန်းမာရေးအတွက် ကူညီစောင့်ရှောက်နေပါတယ်လို့ ဆိုပါတယ်။

“စစ်ရှောင်ပြည်သူတွေက အိမ်ပြန်နေရတဲ့သူ ရှိသလို တောထဲမှာသွားပြီး ဆေးကုရတာမျိုးတွေ ရှိပါတယ်။ များသောအားဖြင့် ဆီးချို သွေးတိုးရောဂါဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ ကုရတာ များတယ်။ ခလေးငယ်တွေကတော့ ဖျားနာတာလောက်ပဲ ဖြစ်ကျတာ။ လိုအပ်တဲ့ ဆေးဝါးတွေက ရံပုံငွေရှာဖွေလို့ရတဲ့ငွေ၊ ပြည်သူတွေရဲ့လှူဒါန်းငွေနဲ့ ဝယ်ရပါတယ်” လို့ ပြောပါတယ်။

ကျေးလက်စာသင်ကျောင်းတွေရဲ့ ကလေးငယ်တွေကျတော့ နေ့စဥ်အစာအာဟာရဓာတ် ညီမျှအောင် မစားတတ်လို့ ပုံမှန်အားဖြင့် ဗီတာမင် B2 ချို့တဲ့တာအဖြစ်များပြီး မူလတန်းကလေးတွေကို သံချဆေးကျွေးတာ၊ အလယ်တန်းနဲ့ အထက်တန်း မိန်းကလေးတွေကို သံဓာတ်အားတိုးဆေးပေးတာဆိုရင် ကျောင်းပေါင်း ၂၂ ကျောင်းရှိပြီလို့ ဆိုပါတယ်။

ဆရာမ မအိဟာ စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် ပြည်သူ့ကျန်းမာရေးအကြီးတန်း ၂ သူနာပြုဆရာမတဦးအဖြစ်နဲ့ CDM ပြုလုပ်ကာ ဆားလင်းကြီး၊ ယင်းမာပင် ကျေးရွာပေါင်းစုံဦးဆောင်ကော်မတီရဲ့ AVSC Medical Teamကို Volunteer ၇ ဦးရဲ့ကူညီပံပိုးမှုနဲ့ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေတာ ဖြစ်ပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။