ရွှေဘိုမြို့နယ်က စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ကို S & C က ကူညီစောင့်ရှောက်ထား

0 6
0 6

ရွှေဘို၊ မတ် ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ကျေးရွာ ၄ ရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ကို S & C က ကူညီစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်၊ တင့်တယ်၊ ဆိတ်ခွန်၊ ထူးကြီး၊ ပေါက်ချိုင်ရွာ တွေထဲကို မတ်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူများစွာဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

“မနေ့ကမနက်ပိုင်းမှာ သူတို့ချက်ချင်းရောက်လာတော့ ကျနော်တို့စစ်ရှောင်စခန်း ပုံစံမျိုး လုပ်ထားရတယ်။ ချက်ကျွေးရတယ်။ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ။ တနေ့ကို နှစ်နှပ်ကျွေးပါတယ်။ လူဦးရေ တထောင်ကျော်ထဲမှာ ကလေးဦးရေက နှစ်ရာနီးပါးလောက် ပါတယ်” လို့ S &C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ရှောင်ပြည်သူတွေကို ကျေးရွာတရွာရဲ့ဘုန်းကြီးကျောင်းမှာ နေခိုင်းထားပြီး သူတို့ရဲ့တနေ့တာ စားစရိတ်ဟာ ၁၀ သိန်းအထက်မှာ ရှိတယ်လို့လည်း အထက်ပါ ကူညီစောင့်ရှောက်သူက ပြောပါတယ်။

“စားသောက်ဖို့ကတော့ ဖူလုံမှုတော့ မရှိဘူးပေါ့။ ဒါပေမဲ့ အဆင်ပြေအောင်တော့ လုပ်ရတာပေါ့။ စားသောက်မှုအတွက် ချက်ပြုတ်ပေးဖို့က ရွာခံတွေက တာဝန်ယူထားရတယ်” လို့ ဆိုပါတယ်။

စစ်ရှောင်ဦးရေ များလွန်းတဲ့အတွက် ထမင်းကျွေးဖို့ကို နှစ်ခါခွဲပြီး ကျွေးမွေးရတယ်လို့လည်း သိရပါတယ်။

S & C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ မတ်လ ၁၂ ရက်နေ့ကလည်း သောက်သုံးရေ ရှားပါးတဲ့အညာဒေသက စစ်ဘေးရှောင်ပြည်သူတွေအတွက် သောက်သုံးရေကန်ကိုလည်း ဆောက်လုပ်ပေးခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။