5



ဆားလင်းကြီး၊ မတ် ၂၀၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက စစ်ရှောင်ကလေးငယ်တွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မတ်လ ၁၉ ရက်မနေ့ညနေက အာဟာရဒါနကျွေးမွေးခဲ့တယ်လို့ ဦးဆောင်ပါဝင်သူ အမျိုးသမီးတဦးဆီက သိရပါတယ်။


ကလေးငယ်ဦးရေ ၅၀၀ ကျော်ကို အာဟာရဒါနအဖြစ် မုန့်ဟင်းခါးကျွေးခဲ့တာလို့ ဆိုပါတယ်။


ဒါ့အပြင် အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ စစ်တပ်က မီးရှို့ခဲ့တဲ့ ကျေးရွာတွေက အိမ်ထောင်စုတွေကို မီးဖိုဆောင်သုံးပစ္စည်း၊ ဆန်နဲ့ဆီတွေ လိုက်လံလှူဒါန်းလျှက်ရှိရာ မတ်လ ၁၃ ရက်အထိ လှူဒါန်းမှု ၈ ကြိမ်အတွင်း အိမ်ထောင်စု ၁၀၉၂ စုကို လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။