2 November 2026 1:17 AM

ပေါက်မြို့နယ်မှာ ငါးရက်အတွင်း စစ်ဘေးရှောင် ခြောက်ထောင်ကျော်လာ

0 3
0 3

ပေါက်၊ မတ် ၁၆၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ် စစ်ကြောင်းထိုး ဖမ်းဆီးဖျက်ဆီးနေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကျေးရွာတွေထဲက ပစ္စည်းတွေ မွှေနှောက်ရှာဖွေ ယူဆောင်တာ ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်နေတာတွေ နေ့စဉ်ဆိုသလို လုပ်နေတာကြောင့် တိမ်းရှောင်သူတွေ များပြားလာတာလို့ သိရပါတယ်။

“စစ်ဘေးရှောင်ရွာသားတွေက ခြောက်ထောင်ကျော်လောက်ရှိမယ်။ ဖြစ်သလိုနေ ဖြစ်သလိုစားနဲ့ နေရတာ။ အမိုးအကာလည်း လုံခြုံမှုမရှိပါဘူး။ စစ်ကြောင်းဝင်လာတာနဲ့ ဘေးလွတ်ရာ ကူညီပြောင်ပေးနေရတယ်။ ညပိုင်း ကင်းစောင့်ရတာပေါ့။ ပြည်သူတွေအတွက် အကူအညီလိုအပ်နေတာက အများကြီးပါ” လို့ ပေါက်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်လရောင်က မြေလတ်အသံကို ပြောပါတယ်။

အင်အား ၅၀ နဲ့ ၁၀၀ ကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ်လ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျေးရွာနေအိမ်တွေကို မီးရှို့တာ၊ စစ်ကြောင်းထိုး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒဏ်ရာရတာ သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အုန်းတောတောင်စု၊ မြောက်စု၊ ကမ်းပြို၊ မုန်းတော၊ ဆူးလေကုန်း၊ အင်ပင်၊လယ်ဘဲ့၊ သီးချောက်၊ မြို့ခင်းသာ၊ ရေတိမ်၊ ချိုင်ဇောက်အုပ်စု ရွာများမှ ဒေသခံ ၆၀၀၀ ကျော်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဘေးကနေ လွတ်ရာ တောတွင်းတွေထဲမှာ ရှောင်ပုန်းနေရလို့ နေရာထိုင်ခင်းနဲ့ အစားအစာအခက်ခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။