ဟန်ပြရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ရွာ ၂၀ ကျော်က ပအဖ၊ ပကဖ တွေ ဆွေးနွေး

0 6
0 6

ပေါက်၊ မတ် ၉၊ ၂၀၂၃။

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ရွာပေါင်း ၂၀ ကျော်က ပအဖ၊ ပကဖ တွေ စုပေါင်းပြီး စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ဖို့ မတ်လ ၈ ရက်နေ့ မနေ့က နေ့လယ် ၁ နာရီလောက်မှာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ၂၀၂၃ သြဂုတ်လမှာ ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချသပိတ်မှောက်ကြောင်း၊ အဲဒီရွေးကောက်ပွဲ အထမမြောက်စေရအောင် အသွင်အပြင်အရရော အနှစ်သာရအရပါ ပြည်သူတရပ်လုံးနဲ့အတူ သပိတ်မှောက် တားဆီးသွားဖို့ ဆွေးခဲ့ပါတယ်။

“ကျနော်တို့ ပြည်သူ့တော်လှန်ရေးတပ်ဦးနဲ့ ရွာပေါင်း ၂၀ ကျော်က ပအဖ၊ ပကဖ အဖွဲ့တွေ ပြုလုပ်ခဲ့တာပါ။ လူဦးရေကိုတော့ အတိကျပြောလို့ မရပါဘူး။ တရက်တည်းလုပ်တာမို့ အချိန်က နေ့လယ်ကနေ ညနေ ၃ နာရီအထိပါပဲ” လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်လွန်းညီ က ဆိုပါတယ်။

ထပ်မံပြီးတော့လည်း စစ်အုပ်စုကို ထွက်ပေါက်မပေးရေး၊ စစ်အုပ်စုနဲ့ စေ့စပ်ရေး အတွေးအခေါ်တိုက်ဖျက်ရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး စတာတွေကို ဆွေးနွေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အခုလို ပအဖ၊ ပကဖ တွေကို ခေါ်ယူဆွေးနွေးရခြင်းဟာလည်း ကျေးရွာများရှိ တာဝန်ရှိသူများဟာ အဓိကဖြစ်လို့ ဖိတ်ခေါ်အသိပညာပေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။