လယ်ယာလုပ်သား ရှားပါးလာလို့ လုပ်သားခ တိုးမြှင့်ခေါ်ယူနေရ

0 5
0 5

ပခုက္ကူ၊ မတ် ၉၊ ၂၀၂၃။

ပဲခူးတိုင်းအတွင်း လယ်မြေ၊ ယာမြေ၊ မြေနုကျွန်းမြေများမှာ ရာသီအလိုက် သီးနှံမျိုးစုံကို ထွန်ယက်စိုက်ပျိုးလုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးလာတယ်လို့ တောင်သူလယ်သမားတွေဆီက သိရပါတယ်။

လယ်ယာလုပ်ငန်းခွင်တွေဖြစ်တဲ့ ဆေးဖြန်းလုပ်သားခ တရက်လျှင် ယခင်နှစ် ၅၀၀၀ ကျပ်မှ ယခုနှစ်တွင် ၇၀၀၀ ကျပ်၊ ပဲနှုတ်လုပ်သား တရက်လျှင် ယခင်နှစ်က ၅၀၀၀ ကျပ်မှ ယခုနှစ် ၇၅၀၀ ကျပ်၊ ပဲခြွေခ တတင်းလျှင် ယခင်က ၁၂၀၀ ကျပ်၊ ယခုနှစ်တွင် ၂၀၀၀ ကျပ်၊ ပေါင်းလိုက်လုပ်သားခ တရက်လျှင် ယခင်က ၄၅၀၀ကျပ်၊ ယခုနှစ် ၇၀၀၀ ကျပ် ဝန်းကျင်ပေးခေါ်ယူနေရပြီး အဲဒီဈေးနှုန်းမှာ ပျှမ်းမျှနှုန်းသာဖြစ်လို့ ဒေသအလိုက် စားရိတ်အနည်းငယ် ကွာခြားနိုင်တယ်လို့ တောင်သူလယ်သမားတွေက ဆိုပါတယ်။

“စပါး၊ ပဲ၊ ဟင်းသီးဟင်းရွက် ဘာသီးနှံစိုက်စိုက် လူခေါ်ရတာ မလွယ်တော့ဘူး။ အရင်ကဆို လူကြုံနဲ့စကားပါးလိုက်ရင် မနက်အလုပ်ဆင်းတဲ့သူတွေကို ပေါနေတာ။ အခု နှစ်ရက်သုံးရက် ကြိုပြောရတာ တခြားနေရာက လူတွေ လိုက်ခေါ် ရတာတွေတောင် ရှိတယ်။ ရွာတွေမှာက လူငယ် လူလတ်ပိုင်း ယောင်္ကျားရောမိန်းခလေးတွေပါ တခြားမြို့တွေတင် ဘယ်ဟုတ််မလဲဗျ။ ထိုင်း၊ တရုတ်၊ ကိုရီးယား၊ မလေး ထွက်ပြီး အလုပ်လုပ်နေကျတယ်” လို့ ပေါင်းတည်မြို့နယ်ထဲက တောင်သူတဦးက ပြောပါတယ်။

ပင်ပန်းကြီးစွာနဲ့ လုပ်ကိုင်စားသောက်နေကျတဲ့ တောင်သူလယ်သမားတွေအနေနဲ့ လုပ်သားခေါ်ယူတဲ့အခါ တနေ့တခြား ရှားပါးလားပြီးတော့၊ နေ့တွက်စားရိတ်တွေလည်း ယခင်ကထက် စျေးပိုပေးကာ ခေါ်ယူလုပ်ကိုင်နေရပေမယ့် လုပ်သားရှားပါးတယ်လို့ ဆိုကြပါတယ်။

“ဒီမှာက စိုက်တဲ့အချိန်ရယ် ရိတ်သိမ်းတဲ့အချိန်ရယ်ပဲ အလုပ်ရှိတာလေ။ လက်ထဲမှာလည်း ငွေကြေးက များများစားစားမှ မရှိကြတာ။ ကျောင်းသူ/သားနဲ့ ကျန်းမာရေးမကောင်းတဲ့သူရှိရင် အဲ့ဒီမိသားစုက ပိုပြီးရုန်းကန်ရတယ်” လို့ သာယာဝတီနယ်ထဲက တောင်သူတဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စိုးရိမ်ကြောက်လန့်နေကြတဲ့ ဒေသခံတွေအဖို့ နေ့စဉ်စားဝတ်နေရေးအပြင် အပိုအလျှံမရှိဘဲ စိုက်ပျိုးရေးမကောင်းသည့်အချိန်တွင် ပိုမိုကျပ်တည်းခက်ခဲသလို ခေတ်အခြေအနေအရ ပြည်ပထွက် အလုပ်လုပ်ကိုင်နေသူ အများစုဖြစ်လာတာကြောင့် လယ်ယာလုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးလာနေတာ ဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။