ဘုရားပွဲပြန် ဘုရားဖူးဟိုင်းလတ်ယာဉ် ချောက်ထဲကျတိမ်းမှောက်လို့ ၆ ဦးသေဆုံး

0 17
0 17

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဖုတ်ကျေးရွာအနီးမှာ ဘုရားဖူးယာဉ် ချောက်ထဲထိုးကျတိမ်းမှောက်လို့ ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

မတ် ၁၅ ရက် မနေ့ညနေ ၅ နာရီခန့်မှာ အုန်းချောရွာ၊ ရွှေစာရံဘုရားပွဲတော်က‌နေပြန်လာပြီး အုန်းချော-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်းအတိုင်း မောင်းနှင်လာတဲ့ ဟိုင်းလတ် ၁ ခန်းခွဲ မော်တော်ယာဉ်ဟာ အခင်းဖြစ်ပွားရာနေရာအရောက်မှာ ပေ ၃၀ ခန့်အနက်ရှိ လမ်းဘေးချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ကားက ပြင်ဦးလွင်ဘက်ကို ပြန်မတက်ဘဲနဲ့ ကျောက်ဆည်ဘက်လမ်းကိုသွားတာမှာ မှောက်တာ။ မှောက်တာက မျက်မြင်တွေပြောကြားချက်အရကတော့ ကား ၁ စီးကိုကျော်တက်ရာကနေ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျသွားတာလို့တော့ သိရတယ်။” လို့ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သူတဦးက ပြောပါတယ်။

ကားချောက်ထဲကျလို့ ယာဉ်ပေါ်ပါ ၁၄ ဦးအနက် အသက် ၁၂ အရွယ် မိန်းကလေး ၁ ဦး ၊ အသက် ၁၀ နှစ်အရွယ် ယောက်ျားလေး ၁ ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး နေရာမှာသေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရသူတွေကို စဉ့်ကိုင်ဆေးရုံသို့ ပို့ဆောင်ချိန်မှာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူ ၆ ဦးမှာလည်း စိုးရိမ်ရတဲ့အခြေနေရှိနေလို့ စဉ့်ကိုင်ဆေးရုံကတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကာ ဆေးကုသနေရတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာနေသူတွေဖြစ်ပြီး ရွှေစာရံဘုရားပွဲကို လာရောက်လည်ပတ်သူတွေဖြစ်ကာ ရွှေစာရံဘုရားပွဲကို တပေါင်းလပြည့်နေ့ မတ် ၁၃ ရက်ကနေ ၂၂ ရက် အထိ ကျင်းပနေတာဖြစ်ပြီး ဘုရားပွဲမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာပြည်သူတွေနဲ့ စည်ကားနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။