ကဗျာဆရာကေဇဝင်း ကျဆုံးခြင်း ၂ နှစ်ပြည့် ပေါင်းတည်က လူငယ်တွေဆန္ဒပြ

ပေါင်းတည်၊ မတ် ၃၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့တနေရာမှာ မတ်လ ၃ ရက် ဒီနေ့မနက်အစောပိုင်းကမြို့ခံ ၇/လူငယ်တွေက ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်က မုံရွာမြို့ ဘုရားနီလမ်းမှာ ကျဆုံးခဲ့တဲ့ ကဗျာဆရာကေဇဝင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ သူရေးသားခဲ့တဲ့ “ခင်ဗျားတို့နဲ့ ကျနော်ကွဲလွဲခဲ့လည်း ခင်ဗျားတို့အတွက် ကျနော် အသက်ပေးမှာပါပဲ” စာတန်းကိုကိုင်ကာ ဆန္ဒပြကြတာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ယုတ်မာကောက်ကျစ်မှုကြောင့် ကျဆုံးခဲ့သူတွေ ထောင်တွင်းအကျဉ်းချခံထားရသူတွေနဲ့ အိုးအိမ်စွန့်ခွါ ထွက်ခွါသွားရသူတွေအပါ CDM နိုင်ငံ့သူရဲကောင်းဝန်ထမ်းတွေအတွက် ရရာနည်းနဲ့ တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြဖို့နဲ့ မြို့ပေါ်ပြောက်ကျားလူထုသပိတ် လှုပ်ရှားမှုတွေမှာလည်း ပူးပေါင်းပေးကြဖို့ တော်လှန်ရဲဘော် ၇/တွေရဲ့ ထုတ်ပြန်ချက်မှာ ပြည်သူတွေကို တိုက်တွန်းထားပါသေးတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။