ရွှေကျင်မှာ မြစ်ရေဆက်ကြီးနိုင်တဲ့အတွက် ကမ်းနံဘေးနဲ့မြေနိမ့်ပိုင်းနေသူတွေတိမ်းရှောင်ဖို့ မိုးဇလသတိပေး

ရွှေကျင်၊ ဩဂုတ် ၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းမှာ ရွှေကျင်မြစ်ရေဆက်လက်ကြီးလာနိုင်တဲ့အတွက်မြစ်ကမ်းနံဘေးနဲ့ အနိမ့်ပိုင်းနေသူတွေ ဘေးလွတ်ရာကိုတိမ်းရှောင်ကြဖို့ ဩဂုတ် ၆ ရက်မှာ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနာက သတိပေးထုတ်ပြန်ပါတယ်။

ဒီကနေ့မနက် ၁၁ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ၂ ပေကျော်ထိမြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

“ရေပြန်ကျပြီး ပြန်တိုးနေတယ်။ မဒေါက်ကနေ ရွှေကျင်ကိုပြန်ပေါ်ပြီး အခုတခါပြန်မြုပ်တယ်။ ရပ်ကွက်တွေထဲမှာ ရေကရှိသေးတယ်။ မိန်းလမ်းကြီးတော့ပေါ်နေတယ်။ ပြောင်းထားတဲ့သူတွေကလည်း ပြန်လို့မရသေးဘူး။ ရပ်ကွက်တွေထဲရေရှိနေသေးတာကိုး”လို့ မြို့ခံတဦးက ပြောပါတယ်။

နှစ်စဥ်ဩဂုတ်လအတွင်း ရေထပ်ကြီးတာမျိုးရှိသေးတာကြောင့် စိုးရိမ်နေကြရပြီး လကုန်ထိ စောင့်ကြည့်ရမယ်လို့ သူကဆက်ပြောပါတယ်။

ဇူလိုင် ၂၇ ရက်ညပိုင်းမှာ ရွှေကျင်မြစ်ရေမြင့်တက်လာပြီး မြို့ရဲ့ စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာ အထိရှိခဲ့ကာ စိုးရိမ်ရေမှတ်အောက်ကို ၁ ရက်တာ ရေပြန်ကျခဲ့ပြီးနောက် ပြန်တက်လာနေတာလို့ သိရပါတယ်။

မြစ်ရေမြင့်တက်လာလို့ ရွှေကျင်မြို့ပေါ်ရပ်ကွက် ၈ ခု၊ ကျေးရွာပေါင်း ၂၉ ရွာက လူဦးရေ ၃၀,၀၀၀ ခန့် ရေဘေးသင့်ခဲ့ရတယ်လို့ KNU ညောင်လေးပင်ခရိုင်စာရင်းနဲ့ မြို့ခံ ပရဟိတတွေရဲ့စုစည်းထားတဲ့စာရင်းအရ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။