ဆိပ်ဖြူဘာမထီတပ်ဖွဲ့က အပတ်စဉ်-၆ သင်တန်းဆင်းပွဲပြုလုပ်

0 6
0 6

ဆိပ်ဖြူ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူဘာမထီဖွဲ့ဟာ အပတ်စဉ် -၆ သင်တန်းဆင်းပွဲပြလုပ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲမှာ ရဲမေတွေက ပြည်သူ့ကာကွယ်ရေးအလံကိုကိုင်ဆောင်ပြီး ကျမ်းသစ္စာ ကျိန်ဆိုတာ၊ ကျဆုံးသွားတဲ့ရဲဘော်‌တွေကို ကတိက၀တ်ပြုတာနဲ့ ပြည်သူတွေထောက်ပေးတဲ့ငွေတွေ နဲ့ လက်လုပ်ရိုင်ဖယ် (၃)လက်ကိုလည်း ထူးချွန်ရဲဘော်တွေကို ပေးအပ်ခဲ့ပါတယ်။

ပြီးနောက် တာ၀န်ရှိခေါင်းဆောင်‌‌တွေကအမှာစကားပြောဆိုပြီး သင်တန်းသား၊ သူတွေကို ကိုယ်စီ တာ၀န်ခွဲဝေပေးခြင်းတို့ကို အသီးသီးပြုလုပ်ပေးခဲ့တယ်လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“သင်တန်းမှာ အမျိုးသား၊ အမျိုးသမီးစုစု‌ပေါင်း အ‌ယောက် ၃၀ ကျော်ရှိပါတယ်။ နောက်ထပ်သင်တန်းကကြတော့ ကျနော်တို့ကလွတ်မြောက်နယ်မြေမှာမဟုတ်တော့ သင်တန်းပေးဖို့ရှိသေးတယ်ထုတ်ပြန်လို့မရဘူး”လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပေမယ့်လည်း လုံခြုံရေးအရ နောက်ကျမှထုတ်ပြန်ရတာလို့ သိရပါတယ်။
ဆိပ်ဖြူဘာမတီတပ်ဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပက်သက်ပြီး ကန့်ကွက်မှုတွေကို ပြုလုပ်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။