myaelatt athan

Sharing Information to the Local

နမခက စစ်ကား ၂ စီး တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး (ရုပ်/သံ)

မုံရွာ၊ မတ် ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခက ထွက်လာတဲ့စစ်ကောင်စီတပ်ရဲ့ သံပြားကာကား ၂ စီးကို မတ် ၄ ရက် ညနေ ၃ နာရီ ၁၀ မိနစ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chaung U People’s Defence Force ဆီက သိရပါတယ်။

အင်အား ၃၀ ကျော်ပါ စစ်ကောင်စီသံပြားကာကား ၂ စီးကို ချောင်းဦးမြို့နယ်အပိုင်၊ မြင်းမူ-ချောင်းဦးလမ်းပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ၁ နာရီကျော်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“သံပြားကာကား ၂ စီးလုံးကို တိုက်ခိုက်ခဲ့တာ။ ၂ စီးထဲက **၁၂ ကောင်ကို ဘက်စုံ(လမ်းကွေ့)ဘက်မှာ ချပြီးတော့ ဆက်မောင်းလာတာ။ သံပြားကာကားပေါ်မှာက အနည်းဆုံး ၅၀ ခန့်ပါတယ်။ ၁၂ ကောင်လျော့မယ်ဆိုရင် အင်အားက ၃၀ ကျော်နဲ့ ၄၀ ကြားပါတယ်။ တိုက်ခိုက်တဲ့အချိန် ထွက်ပြေးတာ လည်းရှိတယ်။ ကျနော်တို့ သိရတာက ၁၇ ဦးသေတယ်။”လို့ Chaung U People’s Defence Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က လေထီးစက်တပ်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ပစ်ကူပေးတာတွေလုပ်သလို မြပုလဲအထိုင် စစ်တပ်စခန်းနဲ့ ချောင်းဦးမြို့ပေါ် စိုက်ကွင်းရုံး ထိုင်စခန်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က MA 1 ၄ လက်၊ MA 3 ၁ လက်၊ MA 11 ၃ လက်၊ G 3 ၁ လက်၊ G1 ၁ လက်၊ 60 mm စိန်ပြောင်း ၁ လက်၊ 40mm ဗုံးပစ်လောင်ချာ ၁ လက်၊ ကျည်ဘောက် ၂၂ ခု သိမ်းဆည်းရရှိပြီး သံပြားကာကား ၂ စီးကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Chaung U People’s Defence Force ဆီကသိရပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Chaung U People’s Defence Force၊ ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ B21 တပ်ရင်း၊ ရတနာပုံ၊ Chindwin Brother၊ Bandula Defence Force (ဘုတလင်)၊ Three Brothers Force (ကနီ) ၊ Special Force 11၊ Immortal Guerrilla Force ၊ Sagaing District Drone Team (SDDT) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

Chaung U People’s Defence Force ဟာ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း မုံရွာမြို့၊ ညောင်ဖြူပင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းမွန်းတော်ရွာကိုရောက်နေချိန်မှာလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။