ပခုက္ကူ၊ ဧပြီ ၇၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ အောင်သာရွာက ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေရာကို ဧပြီ ၆ ရက်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ ၅ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ဧပြီ ၆ ရက်နေ့ညနေ ၅ နာရီကျော်ခန့်မှာ ပျူစောထီးနဲ့စစ်ကောင်စီအင်အား ၇၀ ခန့်ရှိတဲ့ နေရာကို ဒရုန်းနဲ့ဗုံးသီး ၂ လုံးချခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးအပါအဝင် ၃ ဦးဒဏ်ရာရသွားတယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ ၅ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုနောင်ကပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ပြန်ဆုတ်လာခဲ့ရတယ်လို့လည်းပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ ၅ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ BLYပေါက် ပကဖ၊ King Fighter၊ ABSDF အမှတ် ၃ စစ်ကြောင်း နဲ့ Black Eagle Drone Fore တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါ တယ်။
ဧပြီ ၁၅ ရက်နေ့ညနေ ၅ နာရီခန့်မှာ ပခုက္ကူမြို့နယ်၊ ညောင်ပင်ကျေးရွာထဲကို အောင်သာကျေးရွာနေ ပျူစောထီးတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရကာပြည်သူနေအိမ် ၁၅ လုံးမီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
တည်းဖြတ် – HP