⁨⁨CDF-အရှို အခြေခံစစ်သင်တန်းဆင်းပွဲမှာ လက်ဖြောင့်ဆုအပါ စွမ်းဆောင်ရည်ဆု ၄ ဆုကို အမျိုးသမီးသင်တန်းသားတွေရ (ရုပ်/သံ)

0 6
0 6

မြေလတ်အသံ၊ စက်တင်ဘာ ၃၀၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းအခြေစိုက်လှုပ်ရှားနေတဲ့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)ရဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၇ သင်တန်းဆင်းပွဲမှာ လက်ဖြောင့်ဆုအပါအဝင် စွမ်းဆောင်ရည်ဆု ၄ ဆုကို အမျိုးသမီးသင်တန်းသားတပ်ဖွဲ့ဝင်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက် မနက် ၈ နာရီ ကနေ ၁၁ နာရီခွဲအထိ စစ်ရေးပြအခမ်းအနားနဲ့ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းဆုပေးပွဲမှာ စစ်ရေးပြအကောင်းဆုံးဆု၊ လက်ဖြောင့်ဆု၊ ဆေးမနားဆု၊ ဇွဲအကောင်းဆုံး ဆု ၄ ခုကို အမျိုးသမီးတပ်ဖွဲ့ဝင် ၄ ဦး၊ အောင်စစ်သည်ဆုနဲ့ ကြံ့ခိုင်မှုအကောင်းဆုံးဆုတွေကိုတော့ အမျိုးသားသင်တန်းသား ၁ ဦးတို့က အသီးသီး ရရှိခဲ့ကြတာပါ။

” CDF -Asho သည် အရှိုချင်းမျိုးနွယ်စုအများအပြားပါဝင်ဖွဲ့စည်းထားတဲ့ တပ်ဖြစ်လို့ ပြိီးတော့ မိမိတို့ရဲ့ရိုးရာဓလေ့ကိုလည်း မြတ်နိုးတန်ဖိုးထားတတ်စေဖို့ ရိုးရာဝါးညှပ်အကကို ထည့်သွင်းခြင်းဖြစ်ပါတယ်” လို့ ချင်းကာကွယ်ရေးတပ် – အရှို(CDF – Asho) တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၇ ကို ဇူလိုင်လ ၇ ရက်ကနေ စက်တင်ဘာ ၂၈ ရက်အထိ ၂ လခွဲကြာ သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းသားတွေထဲမှာ အမျိုးသမီးတပ်ဖွဲ့ဝင် ၁၁ဦးအထိ ပါဝင်တယ်လို့ ဆလိုင်းရိုးချင်းက ဆက်ပြောပါတယ်။

သင်တန်းဆင်းစစ်ရေးပြအခမ်းအနားပြီးဆုံးပြီးတဲ့နောက် ချင်းရိုးရာ ဝါးညှပ်အကနဲ့ တပ်ဖွဲ့ဝင်အမျိုးသား၊ အမျိုးသမီးတွေက ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

အလားတူ CDF-Ashoရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၆ ကို မတ် ၁၉ ရက်မှာပြုလုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနားမှာလည်း စစ်ရေးပြအကောင်းဆုံးဆု၊ ဇွဲအကောင်းဆုံးနဲ့ ကျန်းမာရေးအကောင်းဆု ၃ ခုကို အမျိုးသမီးတပ်ဖွဲ့ဝင်တွေက ရရှိခဲ့ပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။