ပရဟိတသမားမှ သေနတ်ထုတ်လုပ်သူ မကွေးဗိုလ်မထား

မကွေး ၊ မတ် ၁၁၊ ၂၀၂၃။

မကွေး ဗိုလ်မထားကျေးရွာပေါင်းစုံ PDF အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မထားဟာ စစ်တပ်အာဏာမသိမ်းခင်မှာ ပရဟိတအလုပ်ကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ရဲ့လုပ်ရပ်တွေကို မခံမရပ်နိုင်ဖြစ်တဲ့အတွက် ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးထဲကို ထဲထဲဝင်ဝင် ပါလာခဲ့တာလို့ ဗိုလ်မထားက ဆိုပါတယ်။

မကွေး ဗိုလ်မထား ကျေးရွာပေါင်းစုံ PDF ဟာ မကွေးတိုင်းမှာ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေပြီး၊ လက်လုပ်သေနတ်မျိုးစုံကိုလည်း ထုတ်လုပ်နေတာပါ။

သူတို့အဖွဲ့က ထုတ်လုပ်ပြီး စမ်းသပ်အောင်မြင်တဲ့ သေနတ်တွေကို တိုက်ပွဲမှာအသုံးပြုဖို့ ကာကွယ်ရေးအဖွဲ့တွေကို မျှဝေပေးနေတာလည်း ဖြစ်ပါတယ်။

မတ်လ ၁၀ ရက်မှာ ဗိုလ်မထားအဖွဲ့က 16 မောင်းပြန်၊ 16 တတောင့်ထိုး၊ ပွိုင့် 22 (အတို၊ အရှည်)၊ မဂ္ဂနယ်၊ 9 မမ (အတို၊ အရှည်) ကိုးလုံးကျည်၊ ကာဘိုင်နဲ့ 79 စတဲ့ လက်လုပ် သေနတ် (၁၀) မျိုးကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။