myaelatt athan

Sharing Information to the Local

ပေါက်နယ်မှာ PDF တွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၅ဦးသေဆုံး

0 3
0 3

ပေါက်၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃။

မကွေးတိုင်း၊ ပေါက်မြို့နယ် သဖန်းချောင်းကျေးရွာမှာ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDF ၃ ဖွဲ့ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်၊ သဖန်းချောင်းကျေးရွာက နေအိမ်တွေ ဝင်ရောက်ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်တွေကို ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီဝန်းကျင်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၄၅ မိနစ်ခန့်အထိ ကြာခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးတယ်လို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People’s Defence Force Yenangyaung ဗိုလ်စံသျှားက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ အင်အား ၁၂၀ ပါ စစ်သားတွေဟာ သဖန်းချောင်းကျေးရွာက နေအိမ်တွေဝင်ရောက် ဖျက်ဆီးပြီး ရွာကပြန်အထွက်မှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ထိခိုက်သေဆုံး မှုတွေနဲ့ ပတ်သက်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုမှုတွေအပေါ် မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ခိုက်မှုကိုတော့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People’s Defence Force Yenangyaung ၊ ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်း YRF နှင့် Pauk Revolution Force YRF တို့က ပူးပေါင်းခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာလည်း ရေနံချောင်းမြို့နယ် မြို့ရှောင်လမ်း လမ်းဆုံရှိ ယာကြီးပြင် စစ်ဆေး ရေးဂိတ်က စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေကို ဆပ်ကြေးကောက်နေတာကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People’s Defence Force Yenangyaung ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။