myaelatt athan

Sharing Information to the Local

စတိုးဆိုင်ထဲပစ္စည်းဝင်ယူတဲ့စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိတဲ့ဆိုင်ကယ် ၂ စီးကိုပိုင်ရှင်ဆီပြန်အပ် (ရုပ်/သံ)

ကမ္မ၊ ဇူလိုင် ၂၉၊ ၂၀၂၅။

မကွေးတိုင်း၊ ကမ္မမြို့ပေါ်က နန်းထိုက်တော်ဝင်စတိုးဆိုင်ထဲကို ပစ္စည်းဝင်ယူကြတဲ့ စစ်ကောင်စီတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပြီးနောက် သိမ်းဆည်းရမိတဲ့ဆိုင်ကယ် ၂ စီးကို ပိုင်ရှင်ဆီပြန်အပ်ပေးခဲ့တယ်လို့ Red GIANT အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၇ ရက်နေ့ မနက် ၁၁ နာရီခန့်က ကမ္မမြို့ ရေလည်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အင်အား ၂၀ ခန့်ဟာ ကမ္မမြို့ပေါ် ကနန်းထိုက်တော်ဝင် စတိုးဆိုင်ထဲကို ဝင်ရောက်ပြီး ကုန်ခြောက်နဲ့ ကုန်ပစ္စည်းတွေကို ဝင်ရောက်ယူနေချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ၄၀ မမ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး နေ့လည် ၂ နာရီခွဲခန့်မှာ နန်းထိုက်တော်ဝင်စတိုးဆိုင်အပါအဝင် အနီးပတ်ဝန်းကျင်ကို တော်လှန်ရေးအဖွဲ့တွေ သွားရောက်ပြီး ရှင်းလင်းရေးလုပ်တဲ့အခါမှာ စစ်ကောင်စီတပ်သားတွေ ပြည်သူတွေဆီက လုယက်ယူဆောင်ထားတဲ့ ဆိုင်ကယ် ၂ စီးကို သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရရှိခဲ့တဲ့ ဆိုင်ကယ် ၂ စီးဟာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်တာကြောင့် စစ်ကောင်စီတွေဆုတ်ခွာသွားချိန် ကျန်ခဲ့တဲ့ ပြည်သူပိုင် ဆိုင်ကယ်တွေဖြစ်ပြီး အဆိုပါဆိုင်ကယ် ၂ စီးကို ပိုင်ရှင်ဆီကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ RED GIANTအဖွဲ့က ဒေါင်းနီက မြေလတ်အသံကို ပြောပါတယ်။

ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရတာကို အနီးပတ်ဝန်းကျင်က ဒေသခံတွေရဲ့ ပြောပြချက်အရ သိခဲ့ရတယ်လို့ ဆက်ပြောပါတယ်။

တိုက်ခိုက်ပြီးချိန်မှာတော့ စစ်ကောင်စီတပ်ဟာ ကမ္မမြို့ရဲ့ အနောက်ဘက်ကို ထွက်ခွာသွားတယ်လို့လည်း ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို RED GIANT၊ ABSDF အမှတ် (၃) စစ်ကြောင်း၊ YGF လူငယ်ပျောက်ကျားတပ်ဖွဲ့၊ PI PDF၊ အလင်းတန်းပျောက်ကျားတပ်ဖွဲ့ (မြိုင်)၊ TWF၊ THURAIN TR၊ HUNTER PAKOKKU အဖွဲ့တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် – HP⁩

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။