ပြည်၊ ဇွန် ၁၉၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပြည်မြို့နယ်တနေရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီသပိတ်ပြုလုပ်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။



ဇွန် ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့မွေးနေ့အဖြစ် ပြည်မြို့ဒေသခံတချို့က အာရုဏ်ဆွမ်း ကပ်လှူတာနဲ့ နှင်းဆီလှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။



“ဒေသတွင်းရှိ ဘုန်းတော်ကြီးကျောင်းတခုမှာ အုန်းထမင်း၊ ကြက်သားနှပ် အာရုံဆွမ်းနှင့် ဝတ္တုငွေတွေ ကပ်လှူခဲ့တယ်။ ပြီးတာနဲ့ နှင်းဆီးပန်း ပန်တဲ့လှုပ်ရှားမှုပြုလုပ်ခဲ့တယ်”လို့ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းတာဝန်ရှိသူတဦးက ပြောပါတယ်။



ဒီအစီအစဥ်တွေထဲမှာ မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ရဲဘော်တွေ ကောင်းရာဘုံဘဝရောက်ဖို့နဲ့ စစ်အာဏာရှင်ကျဆုံးဖို့ ကြွေးကြော်မှုတွေလည်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။