မြေလတ်အသံ၊ ဩဂုတ် ၂၂၊ ၂၀၂၅။
One Friday Fight 121 ရဲ့ ဒုတိယ ခေါင်ပွဲအဖြစ်ပွဲထွက်လာတဲ့ ထိုင်းဖိုက်တာ ချော့ပရီချာ နဲ့ မြန်မာဖိုက်တာ သွေးလင်းထက်တို့ရဲ့ စတောဝိတ်မွေထိုင်းပွဲစဉ်မှာ သွေးလင်းထက်က ဒုတိယအချီမှာပဲ အလဲထိုးနဲ့ အနိုင်ယူခဲ့ပြီး ဝမ်းချန်ပီယံရှစ်ကပေးတဲ့ အပိုဆုကြေးပါရယူနိုင်ခဲ့တာပါ။
ထိုင်းဖိုက်တာ ချော့ပရီချာဟာ ပထမအချီ ၂ မိနစ်မှာ ၁ ကြိမ်နဲ့ ပထမအချီပြီးကာနီးမှာ ၁ ကြိမ်၊ စုစုပေါင်း အမှတ်စဉ် ၂ ကြိမ် ရေတွက်ခံခဲ့ရပြီး ပထမအချီမှာကတည်းက သွေးလင်းထက်က အသာစီးရယူနိုင်ခဲ့တာပါ။

ဒုတိယအချီ ၁ မိနစ်မှာ သွေးလင်းထက်ရဲ့ ပတ်တံတောင်ကြောင့် ကွဲသွားခဲ့တဲ့ ချော့ပရီချာက အတင်းလိုက်ထိုးခဲ့ရင်းကပဲ သွေးလင်းထက်ရဲ့ ဒူးတိုက်ချက်နဲ့ တံတောင်ရိုက်ချက်တွေ ထပ်ထိခဲ့တာကြောင့် ဒုတိယအချီ ၁ မိနစ် ၄၀ စက္ကန့်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာပါ။
ဒါ့အပြင် ဒီပွဲမှာလည်း ဝမ်းက ချီးမြှင့်တဲ့ အပိုဆုကြေး ဘတ် ၃ သိန်းခွဲကို သွေးလင်းထက် ရရှိခဲ့ပါတယ်။

ဝမ်းချန်ပီယံရှစ်မှာ အခုပွဲစဉ်အပါ ၆ ပွဲကစားထားတဲ့ သွေးလင်းထက်က ၅ ပွဲနိုင် ၁ ပွဲရှုံးရလဒ် ရရှိထားပြီး အပိုဆုကြေး ၄ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။