ရွှေဘို၊ အောက်တိုဘာ ၂၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တနေရာမှာ ရွှေဘိူမြို့နယ်ပကဖ ဦးစီးပြီး တော်လှန်ရေးကာလ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေကို ရည်စူးပြီး ဆီမီးကပ်လှူပူဇော်ခြင်းနဲ့ မီးပုံးပျံလွှတ်တင်ခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ မြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။


အောက်တိုဘာလ ၂၆ ရက်နေ့ (သီတင်းကျွတ် လပြည်နေ့) ညနေပိုင်းကဆီမီးပူဇော်ခြင်းနဲ့ မီးပုံးပျံတွေ လွှတ်တင်ပြီး ကျဆုံးရဲဘော်တွေရဲ့
ပေးဆပ်မှုတွေကို အောက်မေ့သတိရအနေနဲ့ ပြုလုပ်ခဲ့ကြသလို မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းမေတ္တာပို့ ပြုလုပ်ခဲ့ကြပါတယ်။


