မြေလတ်အသံ၊ ဩဂုတ် ၁၁၊ ၂၀၂၅။
စစ်ကောင်စီက ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ရုပ်ကလာပ်ကို ဒီကနေ့ ဩဂုတ် ၁၁ ရက်မှာ နေပြည်တော် စစ်သင်္ချိုင်းကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။



အာဏာသိမ်းကာလ ၂၀၂၁ ကနေစပြီး ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဦးမြင့်ဆွေဟာ ဩဂုတ် ၇ ရက် မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာပါ။



ဦးမြင့်ဆွေဟာ စစ်ကောင်စီတပ်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့ပြီးနောက် ၂၀၁၁ ကနေ ၂၀၁၆ အထိ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ၂၀၁၆ ကနေ ၂၀၂၀ အထိ ဒုသမ္မတ စတဲ့ရာထူးတွေကို ရယူခဲ့သူလည်းဖြစ်ပါတယ်။


