မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅။
ဖေဖော်ဝါရီ ၁၃ ရက် ဒီကနေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၁၀ နှစ်ပြည့်မွေးနေ့အမှတ်တရ အဖြစ် မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာပြုလုပ်ခဲ့တယ်လို့ Pakokku – Special Task Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောပါတယ်။



မြိုင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ခံကျောင်းက ကျောင်းသား၊ ကျောင်းသူတွေကို ဒီမနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲအထိ ပဲပြုတ်၊ နံပြားနဲ့ နွားနို့ ကျွေးခဲ့တာလို့ ဆိုပါတယ်။


ကျောင်းသား၊ ကျောင်းသူ ၁၇၀ ဦးကိုကျွေးမွေးခဲ့တာဖြစ်ပြီး စုစုပေါင်းနံပြား ၃၅၀ ချပ်နဲ့ နွားနို့ ၃၅၀ ခွက် ကုန်ခဲ့တယ်လို့ သိရပါတယ်။