မြိုင်၊ ဇူလိုင် ၁၁၊ ၂၀၂၅။
ဒါက မကွေးတိုင်း၊ မြိုင်မြို့ စီမံကိန်းဦးစီးဌာနရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ ရဲတွေကို တိုက်ခိုက်ချိန် အဆောက်အဦအတွင်း နောက်ဆုံးကျန်နေတဲ့ရဲတွေကို လက်နက်ချဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဖိတ်ခေါ်နေတာပါ။
စီမံကိန်းဦးစီးဌာနရုံးမှာ အင်အား ၃၀ ခန့်နဲ့အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြိုင်ပကဖနဲ့မဟာမိတ်တွေက ဇူလိုင် ၉ ရက်နေ့မနက် ၄ နာရီမှာ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲတနေကုန်နီးပါးဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက စီမံကိန်းဦးစီးဌာနရုံးအဆောက်အဦကို ဝိုင်းထားချိန် လက်နက်ချအညံ့ခံဖို့ ဖိတ်ခေါ်ခဲ့တာပါ။
အဲဒီနောက် ရဲအုပ်အဆင့်ရှိသူ ၁ ဦးအပါ ရဲ ၁၂ ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့တွေထံ လက်နက်ချခဲ့ပြီး ည ၇ နာရီမှာ တိုက်ပွဲပြီးဆုံးခဲ့ပါတယ်။
တိုက်ပွဲအတွင်း လက်နက်ငယ် ၁၃ လက်အပါအဝင် စစ်သုံးပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။
တည်းဖြတ် – HP