မြေလတ်အသံ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့လယ်ရှိ အောင်စံပယ်ရွှေဆိုင် နိုဝင်ဘာ ၁၂ ရက် ဒီကနေ့မနက်ပိုင်းက ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ကယ်နဲ့မောင်းပြေးဖို့လုပ်နေတဲ့ လက်နက်ကိုင်ဓားပြတွေကို အနီးဝန်းကျင်ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးနေတဲ့ CCTV မှတ်တမ်းရုပ်သံဖိုင် ဖြစ်ပါတယ်။
ရွှေဆိုင်ဓားပြတိုက်ခံရမှုမှာ သေနတ်ပစ်ခတ်ခံရတာကြောင့် ဆိုင်လုံခြုံရေးဝန်ထမ်းတဦး သေဆုံးခဲ့ပြီး ဓားပြတဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တဦးမှာ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
