myaelatt athan

Sharing Information to the Local

ONE Fight Night 29မှာ စိုးလင်းဦးအမှတ်နဲ့ရှုံးနိမ့် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ မတ် ၈၊ ၂၀၂၅။

မတ် ၈ ရက် ဒီနေ့မှာယှဉ်ပြိုင်နေတဲ့ ONE Fight Night 29မှာ စိုးလင်းဦးဟာ ပြိုင်ဘက်ရုရှကစားသမား ကော့ထွန်းကို ၃ ချီအပြည့်ထိုးသတ်ပြီးချိန် အမှတ်နဲ့အရှုံးပေးခဲ့ရပါတယ်။ 

ဒီမီထရီကော့ထွန်းဟာ စိုးလင်းဦးအကြောင်းကို သေချာလေ့လာထားပုံရပြီး အကွာအဝေးချိန်ထိုးခဲ့တာကြောင့် စိုးလင်းဦးအတွက် အခက်တွေ့စေပါတယ်။ စိုးလင်းဦးကတော့ ပွဲအစအင်တာဗျူးမှာ ပြောထားတဲ့အတိုင်းပဲ ပွဲအပြတ်ဖြတ်နိုင်ဖို့အတွက် ကြိုးစားကစားတာကိုတွေ့ရပါတယ်။ 

ကော့ထွန်းရဲ့ အကွာအဝေးချိန်ပြီး ဘယ်ခြေကန်တာ ဘယ်ဖြောင့်လက်သီးသုံးတာတွေဟာ ထိရောက်တာတွေ့ရပြီး စိုးလင်းဦးရဲ့မာဂုဏ်ကောင်းမွန်မှုကြောင့်သာ ဒိုင်အဆုံးအဖြတ်ထိရောက်ခဲ့တာလို့ မြင်ပါတယ်။ 

စိုးကြီးလည်း အနီးကပ်သွားချိန် လက်သီးတွဲလုံးတွေနဲ့ ဒုက္ခပေးနိုင်ခဲ့ပြီး ပြိုင်ဘက်ကလူကောင်ကွာဟမှုကို အသုံးချကာ လူချင်းပူးကပ်တာနဲ့ မထိုးတော့ဘဲချုပ်ထားပုံစံတွေကြောင့် အခက်တွေ့ခဲ့ရပါတယ်။ 

ဒုတိယအချီနောက်ဆုံးပိုင်းမှာ စိုးလင်းဦးသက်လုံကျသွားသလိုတွေ့ရပေမယ့် ၃ ချီစလုံး ပြိုင်ဘက်ကို ဖိအားပေးထိုးသတ်သွားတာ တခြားသောမြန်မာဖိုက်တာတွေအနေနဲ့ အတုယူရမယ့် စိတ်ဓာတ်ဖြစ်ပါတယ်။ 

ဒီပွဲအရှုံးကြောင့် စိုးလင်းဦးအနေနဲ့ စာချုပ်ရပြီးချိန်ထိုးတဲ့ပွဲစဉ်တွေမှာ နိုင်ပွဲမှတ်တမ်း ရယူနိုင်ခြင်းမရှိသေးပါဘူး။ 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။