UFC 306 မှာ အနိုင်ရရှိခဲ့တဲ့ ဗန် (အားကစားသတင်း)

0 3
0 3

မြေလတ်အသံ၊ စက်တင်ဘာ ၁၅၊ ၂၀၂၄။

စက်တင်ဘာ ၁၅ ရက်၊ ဒီနေ့မနက်မှာထိုးသတ်သွားတဲ့ UFC 306 ပြိုင်ပွဲမှာ ဗန်ဟာ ပြိုင်ဘက်မက္ကဆီကိုဖိုက်တာ ချိုင်းရက်ဇ်ကို အမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ 

ပထမအချီမှာတော့ ချိုင်းရက်ဇ်ဟာ အောက်ခြေကန်ချက်နဲ့ ဘယ်ထောက်လက်သီးတွေကိုအသုံးပြု ထိုးသတ်ခဲ့ပြီး ဗန်ကိုအခက်တွေ့စေခဲ့ပါတယ်။

ဗန်ကတော့ အစားထိုး ထိုးသတ်တဲ့ကစားသမားတွေရဲ့ထုံးစံအတိုင်း ပြိုင်ဘက်ရဲ့ အခြေအနေကို စောင့်ကြည့်အကဲခတ်ခဲ့ရပြီး လက်သီးချက်တွေထိရောက်ဖို့ အနီးကပ်အောင်ကြိုးစားထိုးသတ်ရင်း ခြေကန်ချက်တွေကိုလည်း အသုံးပြုခဲ့ပါတယ်။ ပထမအချီဟာ ချိုင်းရက်ဇ်စိတ်ကြိုက်ဖြစ်ခဲ့ပြီး ဗန်ရဲ့ ခြေထောက်လည်း နာသွားခဲ့ပုံရပါတယ်။ 

ဒုတိယအချီမှာတော့ ဗန်ရဲ့လက်သီးချက်တွေဟာထိရောက်ခဲ့ပြီး ချိုင်းရက်ဇ်ရဲ့သက်လုံတွေကိုဖြိုချနိုင်ခဲ့ပါတယ်။ အလဲထိုးထိလုလုဖြစ်ခဲ့ပေမယ့် ချိုင်းရက်ဇ်ရဲ့ခံနိုင်ရည်အားကောင်းမွန်တာနဲ့ ရုတ်တရက်ထွက်လာတဲ့လက်ပြန်ရိုက်ချက်တွေကြောင့် ဗန်အတွက်အခက်တွေ့စေခဲ့ပါတယ်။ ဗန်အသာရခဲ့တဲ့အချီလို့ ပြောနိုင်ပြီး ချိုင်းရက်ဇ်ရဲ့ခံနိုင်ရည်ကလည်း အတော်လေးမြင့်မားတာကိုတွေ့ရပါတယ်။ 

တတိယအချီမှာတော့ ဗန်ဟာပွဲဖြတ်ဖို့ တိုးကပ်ကြိုးစားခဲ့ပြီး သက်လုံကျလာတဲ့ချိုင်းရက်ဇ်ကတော့ ချုပ်ကွက်အသာရအောင်ကြိုးစားလာခဲ့ပါတယ်။ ချုပ်ကွက်ရဖို့ကြိုးစားနေတဲ့ချိုင်းရက်ဇ်ကို ဗန်ဟာ ရုတ်တရက်ကိုင်ပေါက်လှဲချတာမျိုးပြုလုပ်နိုင်ခဲ့ပြီး မြေပြင်ပေါ်မှာလည်း လက်သီးချက်တွေကိုအဆက်မပြတ်အသုံးပြုနိုင်ခဲ့ပါတယ်။ 

ပွဲပြီးဆုံးချိန်မှာတော့ အမှတ်ပေးဒိုင်သုံးဦးစလုံးက ဗန်ကိုအနိုင်ပေးခဲ့ကြတာဖြစ်ပြီး ဒီပွဲအနိုင်ကြောင့် ဗန်ဟာ UFC မှာ နိုင်ပွဲ ၄ ပွဲအထိရှိလာခဲ့ပြီဖြစ်ပါတယ်။

Photo – SS from UFC.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။