myaelatt athan

Sharing Information to the Local

အောင်လအန်ဆန်း ဒုတိယအချီမှာ အလဲထိုးနဲ့ရှုံးနိမ့် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ စက်တင်ဘာ ၇၊ ၂၀၂၄။

စက်တင်ဘာ ၇ ရက် ဒီနေ့မနက်မှာထိုးသတ်သွားတဲ့ ONE:168 ပြိုင်ပွဲမှာ အောင်လအန်ဆန်းဟာ တူရကီဖိုက်တာ အာဒိုဂန်ကို အလဲထိုးနဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။ 

ဒီနေ့ပွဲအတွက်အောင်လဟာ သေချာပြင်ဆင်အားခဲထားခဲ့ပေမယ့် ထင်ထားသလိုမဖြစ်ခဲ့ပါဘူး။ အာဒိုဂန်ဟာ ပွဲရဲ့ပထမအချီမှာကတည်းက တချက်နှစ်ချက်သာယှဉ်ထိုးခဲ့ပြီး သူအားသန်တဲ့ချုပ်ကွက်ကို အသုံးချဖို့ကြိုးစားခဲ့ကာ ပွဲကိုလည်း ထိန်းချုပ်သွားခဲ့ပါတယ်။ 

ပွဲရဲ့ဒုတိယအချီမှာတော့ အာဒိုဂန်ဟာသက်လုံခြွေဖို့အတွက် အောင်လကိုထိုးချက်ကန်ချက်တွေနဲ့ အခြေအနေအကဲခတ် ထိုးသတ်ခဲ့ပြီး အောင်လဘက်ကတုံ့ပြန်မှုတွေအားနည်းနေမှန်းသိချိန်မှာတော့ ဘယ်ခြေကန်ချက်၊ ဘယ်ညာလက်သီးချက်တွေကို ဆက်တိုက်အသုံးပြုခဲ့ပြီး အောင်လလဲကျသွားချိန်မှာ ဆက်တိုက်ထိုးနှက်ပြီး အနိုင်ယူသွားခဲ့တာပဲဖြစ်ပါတယ်။ 

ဒီပွဲစဉ်အတွက်အားခဲပြင်ဆင်ထားတဲ့အောင်လအနေနဲ့ ရှုံးနိမ့်သွားရတာဟာအထိနာခဲ့ရသလို အောင်လအန်ဆန်ရဲ့ပွဲစဉ်တွေ One ရဲ့စင်မြင့်ထက်မှာမြင်ရဖို့ ခက်ခဲသွားခဲ့ပြီး အနိုင်ရရှိသွားသူ အာဒိုဂန်ကတော့ လက်ရှိ ဝိတ်တန်းသုံးခုရဲ့ချန်ပီယံ အနာတိုလီမာလီကင် ကိုပါ စိန်ခေါ်သွားခဲ့ပါတယ်။ 

Photo – One Championship Live SS

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။